သစ္စာတရား၏မီးရှူးတိုင်ကိုသယ်ဆောင်ခဲ့သူဆိုကရေတီ
သစ္စာတရား၏မီးရှူးတိုင်ကိုသယ်ဆောင်ခဲ့သူဆိုကရေတီ
====================
ယခုအခါ “ဒီမိုကရေစီ” ဆိုသောစကားသည် ကျယ်လောင်ပျံနှံ့နေပြီး ကမ္ဘာအနှံ့တွင် လူအများကဒီမိုကရေစီထွန်းကား ရေးကို ဦးတည် နေကြသည်။ဒီမိုကရေစီဟူသည်အချုပ်အခြာအာဏာကိုပြည်သူကပိုင် သည်(၀ါ)ပြည်သူပိုင်သောအချုပ်အခြာအာဏာဟုဆိုလိုပြီးဂရိဘာ သာစကားတစ်ခုဖြစ်သည်။ဒီမိုကေ ရစီအစဂရိကဟုဆိုနိုင်သည်။ (မြန်မာတို့က အီတလီကို “ရောမ” ။ ဂရိကို “ခေါမ”လို့ခေါ်ခဲ့ကြသည်။)
ဂရိသည် အတွေးအခေါ်နှင့်ပညာအစဉ်အလာကြီးမားခဲ့သော လူမျိုးကြီးဖြစ်၏်။ ဂရိတို့၏အတွေးအခေါ်များမှာယခုတိုင်လူ့အဖွဲ့အစည်းကိုအကျိုးပြုလျက်ရှိသည်။ဆိုကရေတီ၊ပ လေတိုနှင့်အရစ္စတိုတယ်တို့မှာ အထင်ရှားဆုံးဂရိအတွေးအခေါ်ပညာရှင်ကြီးများဖြစ်ကြသည်။
ဘီစီ၄၇၀ကပေါ်ပေါက်ခဲ့သောဆိုက ရေတီသည်လူသားတို့၏လွတ်လပ်သောအတွေးအခေါ်သမိုင်းတွင်မီးပြ တိုက်ကြီးသဖွယ်ဖြစ်ခဲ့သည်။
အေသင်မြို့မှကျောက်ဆစ်ပုဆရာ တစ်ဦး၏သားဖြစ်သောဆိုကရေတီသ ည်အစပထမ၌ဖခင်၏လုပ်ငန်း၌အချိ န်အတော်ကြာအောင်လုပ်ကိုင်ခဲ့ သည်။
သို့ရာတွင်နောက်ပိုင်း၌အမှန်တရားကိုကြံဆခြင်း၊ဒဿနသဘောတ ရားတို့ကိုကြံဆခြင်းဖြင့်သာ လျှင်အချိန်ကုန်လွန်စေခဲ့သည်။
အစတွင် သဘာဝသိပ္ပံပညာကိုလေ့လာသော်လည်း နောက်ပိုင်းတွင် ဒဿနနှင့် မတ်တာဖစ်ဆစ် ခေါ်ရုပ်လွန်ပညာ သို့မဟုတ် အတိဘူတိကပညာကိုလေ့လာလိုက်စားခဲ့သည်။ဤသို့လမ်းကြောင်ြးေ ပာင်းလိုက်ခြင်းသည် ဂရိအတွေးအခေါ် သမိုင်း၏ထူးခြားအရေးပါသောဖြ စ်ရပ်ကိုပေါ်ပေါက်လာစေသည်။
ပညာမာန်ကြီးသူများကို အဖြေမပေးနိုင်အောင်မေးခွန်းထုတ်ပြီးလျှင် ဆိုကရေးတီသည် ထိုပုဂ္ဂိုလ်တို့၏ အသိဥာဏ်ပညာမဲ့မှု ကိုအတင်းလက်ခံစေခဲ့သည်။ထိုကိစ္စကြောင့်ပညာမာန်ကြီးသူများက သူ့ကိုစိတ်ဆိုးကြသည်မှာမဆန်းပေ။
ယေဘုယျအားဖြင့်ဒဿနပညာရှင်နှ င့်စစ်တိုက်ခိုက်ခြင်းသည်မည်သို့မျှမသက်ဆိုင်ဟုယူဆကြသည်။သို့ရာတွင်ဆိုကရေးတီသည် ၄၂၄ဘီစီ၌ ဒေလီယန်(Delium) စစ်ပွဲတွင်ပါဝင်ခဲ့သည်။ ရဲဝံ့သောသူ၏စွန့်စားမှုနှင့် သတ္တိကိုချီးကျူးကြရသည်။ အသက် ၆၅ နှစ်အရွယ်တွင်အေသင်၏လွှတ်တော်တွင်အဖွဲ့ဝင်ဖြစ်လာသည်။
သက်ဦးဆံပိုင်အုပ်ချုပ်ရေးအာဏာပိုင်၃၀တို့သည်အေသင်၌နို င်ငံသားတစ်ဦးကိုဖမ်းဆီခေါ်ေ ဆာင်ရန်ဆိုကရေတီအားအမိန့်ပေးခဲ့သည်။ ယင်းအမိန့်ကိုမတရားဟု ဆိုကရေတီကယူဆပြီး ငြင်းဆန်ခဲ့သည်။
မိမိဆန္ဒအားလျော်စွာလွတ်လွတ် လပ်လပ်တွေးခေါ်ကြံဆခြင်းသည်သူ၏ထူးခြားချက်ဖြစ်သည်။ထို့ေ ကြာင့်နောက်ဆုံးအဆိပ်ကိုသော က်ရခြင်းဖြစ်သည်။
ဆိုကရေတီးကမှန်သောအသိဥာဏ်သည်(အားလုံးနှင့်ဆက်စပ်သောသဘောတရားများ@universals)ကိုသိ မြင်ခြင်းသာလျှင်ဖြစ်သည်။ယင်းအသိဥာဏ်ကိုရရှိရေးမှာလူ၏တာဝန်ဝတ္တရားဖြစ်သည်။အသိဥာဏ်ရ ရှိရေးအတွက်အကြီးမားဆုံးလက် နက်ကိရိယာမှာ ဝေါဟာရစကားလုံးများ၏သဘောသရု ပ်မှန်ကို သိရှိနားလည်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် တရားမှု စသောစကားလုံးများကိုအသုံးပြုကြသည်။ သို့ရာတွင်ယင်းစကားလုံး၏အဓိ ပ္ပာယ်အမှန်ကိုမသိကြ နားမလည်ကြပေ။ ဆိုကရေတီသည် သူ၏အပေါင်းအသင်းများအား ယင်းသို့သောစကားလုံးတို့၏အန က်အဓိပ္ပာယ်ကိုမေးသည်။ အပေါင်းအသင်းများဖွင့်ပြပြောဆိုသောအဓိပ္ပာယ်ကိုဝေဖန်စော ကြောသည်။စကားလုံးများ၏သဘောသ ရုပ်အမှန်ကိုထောက်ပြသည်။ ပညာမြတ်နိုးသောလူငယ်များစွာ သည် ဆိုကရေတီထံတပည့်ခံကာ အတွေးအခေါ်ပညာကိုသင်ယူလာကြသည်။ ပလေတိုမှာ ဆိုကရေတီ၏ထူးချွန်ထင်ရှားသောတပည့်တစ်ယောက်သည်။ ထိုအချိန်ကအာဏာရှိသောဆိုဖစ် တို့သည် နိုင်ငံရေး၌ကိုယ်ကျင့်တရားကိုဖြည့်စွက်လိုသောဆန္ဒမရှိပေ ။
ဆိုကရေတီကမူကိုယ်ကျင့်တရားနှင့်နိုင်ငံရေး၌နီးစပ်သောဆက်သွယ်မှုကိုတည်ဆောက်ပေးသည်။
အသက် ၇၀အရွယ် ၃၉၉ဘီစီ၌ဆိုကရေတီအားတရားစွဲ ဆိုပြီးလျှင် အပြစ်ရှိသူအဖြစ်ကြေညာလျှက် တရားသူကြီး ၅၀၁ယောက်ပါသောခုံရုံးကအဆိပ် သောက်စေဟူသောသေဒဏ်ကိုချမှတ် ခဲ့သည်။
ပထမစွဲချက်မှာ ဘာသာမဲ့တရားမဲ့ဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က ပူဇော်ပသသော နတ်ဒေ၀တာတို့ကို မပူဇော်မပသခြင်း ဟူသောစွဲချက်ဖြစ်သည်။ ဒုတိယစွဲချက်မှာ မိမိ၏အဆုံးအမဥပဒေသများဖြင့် လူငယ်များ၏စာရိတ္တကိုဖျက်ဆီး သည်ဟူသော စွဲချက်ဖြစ်သည်။
ဘာသာမဲ့တရားမဲ့ဆိုသောစွဲချက်ကို ဆိုကရေတီက အလွန်ထိရောက်သောစကားလုံးများနှင့်ထုချေခဲ့သည်။ လူငယ်များ၏ကိုယ်ကျင့်တရားအားဖျက်ဆီးသည်ဆိုသော ဒုတိယစွဲချက်ကိုလည်း ဆိုကရေတီကထုချေလျက်ဤသို့ ထုတ်ဖော်ပြောပြသည်။
“ကျွန်ုပ်သည် လူကြီးနှင့်လူငယ်များအားသင် တို့သည် မိမိ၏အသက်နှင့်စည်းစိမ်ကို ဂရုမစိုက်ကြနှင့်။ အဓိကအားဖြင့် မိမိစိတ်နှလုံးပြုပြင်ပြောင်းလဲမှုကို ဂရုစိုက်ကြဟူ၍ ဥပဒေပေးသည်မှတစ်ပါး မည်သည့်အရာကိုမှမပြုလုပ်ခဲ့ ပေ။ ဥစ္စဓနကြောင့်ကောင်းမှုမဖြစ်ေ ပ။ ကောင်းမှုကြောင့်သာဥစ္စာဓနဖြစ်ရ၏။ယင်းသည်သာ ကျွန်ုပ်၏အဆုံးအမဖြစ်သည်။ အို…အေသင်မြို့သားတို့…ကျွန်ုပ်သင်တို့အားပြောလိုသည်မှာ သင်တို့သည်အေနီတပ် ပြောသည့်အတိုင်းမလုပ်သည်ဖြစ် စေလုပ်သည်ဖြစ်စေ၊ ကျွန်ုပ်ကိုလွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ သင်တို့ကောင်းစွာမှတ်သားထား ရမည်မှာ ကျွန်ုပ်ဘယ်နှကြိမ်သေရ..သေရ ၊ မိမိ၏လမ်းစဉ်ကိုမည်သည့်အခါမှပြောင်းမည်မဟုတ်ပေ။” ဟုအကြောက်အရွံ့ကင်းစွာ တရားသူကြီးများကိုစိန်ခေါ်ထု ချေလိုက်သည်။
ဆိုကရေတီ၏ မိတ်သင်္ဂဟများက သူ့ကိုအကျဉ်းထောင်မှထုတ်ယူရ န်ကြိုးစားကြသေးသည်။သို့ရာတွင် ထိုကဲ့သို့ပြုလုပ်ခြင်း ကိုဆိုကရေတီက သဘောမတူပေ။အကြောင်းမူကာ ထိုကဲ့သို့ပြုလုပ်ခြင်းသည် အေသင်၏တရားဥပဒေကိုဖောက်ဖျက် ကျူးလွန်ခြင်ကြောင့်တည်း။ ထို့နောက်ဆိုကရေတီသည် သူ၏နိဂုံးချုပ်စကား၌တရားသြူ ကီးကိုဤသို့ပြောခဲ့သည်။ “ခွဲခွာဖို့ရန်အချိန်ရောက်ြ ပီ။ ကျွန်ုပ်တို့သည် ကိုယ့်လမ်းကိုယ်သွားကြ၏။ ကျွန်ုပ်သည်သေခြင်းလမ်းမ၌ သွားသည်။ သင်တို့ကရှင်ခြင်းလမ်းကိုသွားသည်။ဘယ်လမ်းကမြတ်သည်ကို ဘုရားသခင်သာသိသည်။”
ဆိုကရေတီသည် အသက်ဆုံးရှုံးသွားသော်လည်း ထာဝရရှင်သန်နေသည်။ အကြင်အယူအဆများအတွက် သေခြင်းကို ရွေးခဲ့သည်။ထိုအယူအဆများသည် ယနေ့လူလောက၌လေးစားမြတ်နိုးမှုခံနေရသည်။
လူသား၏ အသိဥာဏ်စံချိန်မြင့်မားမှုမှာ သူ့ကြောင့်ထင်ရှားသွားသည်။ ကျွန်တော့်အနေနှင့် ဆိုကရေးတီးသည် အသက်ကိုစတေး၍ လူသားများအတွက် သစ္စာတရားမီးရှူးတိုင်ကို ခိုင်မြဲစွာ သယ်ဆောင်လာသည်ဟု တွေးမြင်မိပါသည်။ ။
(ဆရာပါရဂူ၏ဆောင်းပါးအချို့ကို ကိုးကားထားပါသည်)
ခိုင်ထူးသစ်
====================
ယခုအခါ “ဒီမိုကရေစီ” ဆိုသောစကားသည် ကျယ်လောင်ပျံနှံ့နေပြီး ကမ္ဘာအနှံ့တွင် လူအများကဒီမိုကရေစီထွန်းကား
ဂရိသည် အတွေးအခေါ်နှင့်ပညာအစဉ်အလာကြီးမားခဲ့သော လူမျိုးကြီးဖြစ်၏်။ ဂရိတို့၏အတွေးအခေါ်များမှာယခ
ဘီစီ၄၇၀ကပေါ်ပေါက်ခဲ့သောဆိုက
အေသင်မြို့မှကျောက်ဆစ်ပုဆရာ
သို့ရာတွင်နောက်ပိုင်း၌အမှန
အစတွင် သဘာဝသိပ္ပံပညာကိုလေ့လာသော်လည
ပညာမာန်ကြီးသူများကို အဖြေမပေးနိုင်အောင်မေးခွန်
ယေဘုယျအားဖြင့်ဒဿနပညာရှင်နှ
သက်ဦးဆံပိုင်အုပ်ချုပ်ရေးအ
မိမိဆန္ဒအားလျော်စွာလွတ်လွတ်
ဆိုကရေတီးကမှန်သောအသိဥာဏ်သည
ကျွန်ုပ်တို့သည် တရားမှု စသောစကားလုံးများကိုအသုံးပြ
ဆိုကရေတီကမူကိုယ်ကျင့်တရားန
အသက် ၇၀အရွယ် ၃၉၉ဘီစီ၌ဆိုကရေတီအားတရားစွဲ
ပထမစွဲချက်မှာ ဘာသာမဲ့တရားမဲ့ဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က ပူဇော်ပသသော နတ်ဒေ၀တာတို့ကို မပူဇော်မပသခြင်း ဟူသောစွဲချက်ဖြစ်သည်။ ဒုတိယစွဲချက်မှာ မိမိ၏အဆုံးအမဥပဒေသများဖြင့်
ဘာသာမဲ့တရားမဲ့ဆိုသောစွဲချက
“ကျွန်ုပ်သည် လူကြီးနှင့်လူငယ်များအားသင်
ဆိုကရေတီ၏ မိတ်သင်္ဂဟများက သူ့ကိုအကျဉ်းထောင်မှထုတ်ယူရ
ဆိုကရေတီသည် အသက်ဆုံးရှုံးသွားသော်လည်း ထာဝရရှင်သန်နေသည်။ အကြင်အယူအဆများအတွက် သေခြင်းကို ရွေးခဲ့သည်။ထိုအယူအဆများသည်
လူသား၏ အသိဥာဏ်စံချိန်မြင့်မားမှုမှ
(ဆရာပါရဂူ၏ဆောင်းပါးအချို့က
ခိုင်ထူးသစ်