လက်စွယ်ငုပ်ခြင်းအတွက် အကောင်းဆုံးနည်းများ


လက်သည်း ပန်းကုံးတစ်ဝိုက်ရှိ အရေပြားခြောက်သွေ့သောကြောင့် လက်စွယ်ငုပ်ခြင်းဖြစ်တတ်ပါတယ်။ လက်သည်းကို ဘယ်လောက်ပဲ ဂရုတစိုက် ညှပ်ညှပ် လက်စွယ်ငုပ်ခြင်းက အခန့်မသင့် တိုင်း ဖြစ်လေ့ရှိပါတယ်။ လက်စွယ်ငုပ်တဲ့အခါ အရမ်းနာပြီး ယောင်လာတာ၊ရောဂါပိုးဝင်တာတွေအထိ ဖြစ်ပြီး အရမ်းခံရခက်ပါတယ်။ ဒါကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလေးတွေကတော့
-ဗီတာမင် E အဆီကို လက်စွယ်ငုပ်နေတဲ့ လက်ရဲ့ ပန်းကုံးတစ်ဝိုက်ကို လိမ်းပေးထားပါ။ သူ့ရဲ့ စိုစွတ်တဲ့ဂုဏ်သတ္တိက ခြောက်သွေ့နေတဲ့ အရေပြားကို နူးညံ့စေပါတယ်။ လက်က အဆီတွေအားလုံး စုပ်ယူသွားတဲ့အထိ ထားလိုက်တဲ့အခါ လက်စွယ်ငုပ်တာ သက်သာသွားပါလိမ့်မယ်။ လက်စွယ်ငုပ်တာ ထပ်မဖြစ်စေဖို့ မကြာခဏ ဗီတာမင်E အဆီ လိမ်းပေးသင့်ပါတယ်။
-ထောပတ်သီးတစ်လုံးကို ထက်ခြမ်းခွဲပြီး အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောလိုက်ပြီး ညအိပ်ရာမဝင်ခင် လိမ်းပေးပါ။ မနက်အိပ်ယာက နိုးတဲ့ အချိန်မှာ ရေဆေးချလိုက်ပါ။ လက်စွယ်ငုပ်တာ ကာကွယ်ဖို့အတွက် တစ်ပတ်ကို ၃၊၄ ခါ လိမ်းပေးနိုင်ပါတယ်။
-ဒိန်ချဉ် က အကောင်းဆုံး အစိုဓာတ်ထိန်း ကရင်မ်ဖြစ်ပါတယ်။ လက်စွယ်ငုပ်နေတဲ့ နေရာကို ဒိန်ချဉ်အနည်းငယ်လိမ်းထားပြီး နာရီပိုင်းလောက်အကြာမှာ ရေဆေးချလိုက်ပါ။ ဒီနည်းကို နေ့စဉ်အသုံးပြုရင် လုံးဝ လက်စွယ်မငုပ်နိုင်တော့ပါဘူး။
Ref:shefinds 
Powered by Blogger.