အမျိုးသမီးတွေက ဘာ့ကြောင့် အမျိုးသားသုံး အလှကုန်ပစ္စည်းတွေ မသုံးသင့်သလဲဆိုတာ


အမျိုးသမီးအချို့က စူးရှတဲ့ အမွှေးနံ့ကို သဘောကျတဲ့အတွက် ကိုယ့်ချစ်သူ/ခင်ပွန်းဆီက အမျိုးသားသုံးရေမွှေးတို့၊ ပုံမှန်ဓားတွေထက် ပိုထက်တဲ့ အမျိုးသားသုံး ဘလိတ်ဓားတွေကို ယူသုံးလေ့ရှိကြပါတယ်။ ဒီလိုယူသုံးတဲ့အတွက် ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါက အမျိုးသမီးတွေရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။
အရေပြား အထူးကုပညာရှင် Dr.Geeta Oberoi က ယောက်ျားတွေရဲ့ အရေပြားတည်ဆောက်ပုံနဲ့ မိန်းမတွေရဲ့ အရေပြားတည်ဆောက်ပုံ မတူညီပါဘူး။ အရေပြားထဲမှာပါဝင်တဲ့ ဟော်မုန်းဓာတ်ချင်း လုံးဝကွဲပြားနေပါတယ် လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ယောက်ျားတွေရဲ့အရေပြားက ၂၀ % မှ ၃၀ %အထိ ပိုထူသလို ပိုပြီး သိပ်သည်းပါတယ်။ ဒါကြောင့် ရေဓာတ်ကို ပိုမိုထိန်းသိမ်းနိုင်ပါတယ်။
အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီး အရေပြားထက်ပိုပြီး  သန့်စင်ဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေအတွက် အရေပြားထိန်းသိမ်းတဲ့ အလှကုန်များ ထုတ်လုပ်တဲ့ နေရာမှာ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီးမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့် အမျိုးသား အလှကုန် ပစ္စည်းတွေကို ရေရှည်စွဲသုံးမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့ အရေပြားမြန်မြန် ပျက်စီးစေနိုင်ပြီး  စောစောစီးစီး ပါးရေတွန့်တာ အမည်းကွက်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ် လို့ အရေပြား ပညာရှင်များက သတိပေးပြောကြားထားပါတယ်။
Ref:timesofindia.indiatimes 
Powered by Blogger.