လမစေ့ဘဲမွေးသော ကလေးများ အထီးကျန် စိတ်ဝေဒနာ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မား

လမစေ့ဘဲမွေးသော ကလေးများ အထီးကျန် စိတ်ဝေဒနာ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မား

Monday, April 4, 2016
လမစေ့ဘဲ မွေးဖွားခြင်းနှင့် အထီးကျန်စိတ်ဝေဒနာဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်နေသော လူမှုဆက်ဆံရေးစွမ်းရည်များဖွံ့ဖြိုးမှုမရှိခြင်းကြား ဆက်စပ်မှုရှိကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

လမစေ့ဘဲ မွေးသောကလေးများသည် မတူညီသော အာရုံစူး စိုက်မှုဆိုင်ရာ ပုံစံတစ်ခုပြသတတ်ပြီး အခြားသူများအပေါ် စိတ်ဝင် စားမှုလျော့နည်းကြောင်း သုတေသီများက ပြောသည်။

မိမိတို့လေ့လာမှုများကဲ့သို့ လေ့လာမှုများက စောစောစီးစီးရော ဂါရှာဖွေတွေ့ရှိနိုင်ရန် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သုတေသီများအနက် တစ်ဦးဖြစ်သည့်မျိုဝါယာမာကိုရှီက ပြောကြားသည်။

လမစေ့ဘဲ မွေးဖွားသော ကလေးငယ်များ၏အာရုံကြောစနစ် သည် နေ့စေ့လစေ့မွေးလာသော ကလေးများနှင့် ဖွံ့ဖြိုးမှုပုံစံသည် ပထမဆုံးနှစ်အတွင်း မတူညီကြောင်း သုတေသီများက ပြောသည်။

လမစေ့ဘဲ မွေးသော ကလေးငယ်များသည် လူများကို စိတ်ဝင်စားမှုနည်းပါးပြီး နေ့စေ့လစေ့မွေးလာသော ကလေးငယ်များသည် အခြားလူများအပေါ် စိတ်ဝင်စားမှုပိုများကြောင်း သုတေသီများလေ့ လာတွေ့ရှိခဲ့သည်။

ထို့ပြင် သုတေသီများက နေ့စေ့လစေ့မွေးသော ကလေးများ သည် အခြားလူများ၏မျက်စိဦးတည်ရာဘက်သို့ မည်မျှအထိ လိုက် ပါကြည့်ရှုကြောင်းကိုလည်း လေ့လာခဲ့ကြသည်။ အခြားလူတစ်ဦး၏ မျက်စိဦးတည်ရာသို့ လိုက်ကြည့်ခြင်းမှာ အခြားလူများအပေါ် စိတ် ဝင်စားမှုနှင့် နားလည်သဘောပေါက်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ လမစေ့ဘဲ မွေးသော ကလေးများသည် ယင်းအပြုအမူမျိုးအားနည်း ကြောင်း သုတေသီများက ပြောသည်။ ဂျပန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အသက်ကြီးမှ ကလေးယူကြသောကြောင့် လမစေ့ဘဲ ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာသဖြင့် ကလေးငယ်များ အထီး ကျန်စိတ်ဝေဒနာဖြစ်နိုင်သည့် အန္တရာယ်မြင့်မားနေကြောင်း သုတေ သီများက ပြောသည်။

Ref: TOI

Powered by Blogger.