ရွှေရင်ကျော် က္ကစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဆရာ ကြီး ဦးမြခင်အကြောင်း

ရွှေရင်ကျော် က္ကစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်၍ တပည့်သားသမီး တီကျွတ် အပေါင်းတို့ကို ဆုံးမ သြဝါဒပေးပြီး ထွက်ရပ်ပေါက်စခန်းသို့ ကြွမြန်းသွားသော ဆရာ ကြီး ဦးမြခင်အကြောင်း


အဖေကြီး ဦးမြခင်သည် မအူပင်မြို့ပိုင် ထနီးရွာနေ အဖဦးမောင်ဟန် အမိ ဒေါ်မယ်သင်တို့၏ စတုတ္ထမြောက်သားဖြစ်ပါသည်။ အဖေကြီး၏ ညီအစ်ကို မောင်နှမများမှ ဒေါ်လှမေ၊ ဦးလှဖေ၊ ကိုမြဒင်၊ ကိုမြခင်( အဖေကြီး) ကိုသာစည်နှင့် ကိုသာကြည်တို့ဖြစ်ကြသည်။ အဖေကြီးအား ၁၂၈၀ခုနှစ် ပြာသိုလပြည့်ကျော် ၁ ရက် ကြာသာပတေးနေ့တွင် ဖွားမြင်သည်။ အဖေကြီးသုံးနှစ်သားအရွယ်တွင် မိခင်ဒေါ်မယ်သင် သေဆုံးရာ မိခင်၏အလောင်းကို ဖက်၍ နို့စို့ခဲ့ကြောင်း လူကြီးများက ပြန်ပြော၍ အဖေသိခဲ့ရသည့်အတွက် ၂၃ရက် ၁၀ လ ၇၁ ခုနှစ်တွင် သွင်းယူသော တိတ်ခွေတွင် အဖေ ပြောဆိုခဲ့၏။
ဖခင် ဦးမောင်ဟန်သည်လည်း
အဖေခြောက်နှစ်သားအရွယ်တွင် ကွယ်လွန်ပြန်ရာ အဖေကြီးအား မအူပင် ဆရာတော် ဦးအာစရ က မွေးစားခဲ့သည်။ အဖေကြီးသည် “ ဝ” စမကြောင့် အသက်ချမ်းသာရရှိပုံ ခွေးအတိုက်ကြောင့် မိသားစုပျက်စီးရခြင်း အမေကြီး ဒေါ်ထွေးကြည်နှင့် အကြောင်းဆက်ပြီး ပညာယူခြင်း အဖေကြီး၏ ပယောဂကုသပုံ အဖ ဘိုးတ်ာဟန်အား အဖေကြီးပြုစုရပုံ အဖေကြီးဦးမြခင်၏ ဝါဆိုလ မိန့်ခွန်း စသည်တို့ကို အဖေကြီးသည် တပည့်များအား ပြန်လည်၍ ပြောကြားခဲ့ပါသည်။ အဖေကြီးသည် ဂိုဏ်းချုပ်ဘိုးတော်ဟန်၏ တပည့်များအနက်မှ အငယ်ဆုံး ထင်ရှားကျော်ကြားသော ပါရမီရှင် ကျေးဇူးရှင် ဆရာကြီးတစ်ပါးဖြစ်ပါသည်။ အဖေကြီးသည် ဂိုဏ်းချုပ်ဘိုးတော်ဟန်နှင့် ဂိုဏ်းတော်အပေါ်တွင် သစ္စာအရှိဆုံးဆရာကြီး တစ်ဆူဖြစ်ပါသည်။ ဆေးတော်နှင့် ပတ်သက်ပြီး ဆေးတော်စစ် ဆေးတော်မှန်များကို မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်ပြီး လောဘကြီးသူ ဆရာတစ်ဆူမဟုတ်ပါ။ တပည့်များအား ကျောသားရင်သား မခွဲခြားဘဲ သွန်သင်ပြသ ဆုံးမခြင်းနှင့်အတူ ဂိုဏ်းတော်ကို နေလိုလလို ထွန်းပြောင်အောင် မြန်မာပြည်သာမက တစ်ကမ္ဘာလုံးကျော်ကြားအောင် ဂိုဏ်းတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်၍ ရွှေရင်ကျော်ပညာကို လက်ဆင့်ကမ်း အမွေပေးခဲ့ပါသည်။ ရွှေရင်ကျော်ဂိုဏ်းအကြောင်းကိုပြောမည်ဆိုလျှင် ဂိုဏ်းချုပ်ဘိုးတော်ဟန်ပြီးလျှင် အဖေကြီးကို ဦးထိပ်ပန်ဆင်ရပါမည်။ ဖျောက်ဖျက်၍ မရပါ။ အဖေထွက်သော ၉ရက် ၆လပိုင်း ၇၄ ခု နေ့ကို ရွှေရင်ကျော် ပညာဝင်ဆရာဆရာများအားလုံး နှစ်စဉ် အဖေကြီးအား အောက်မေ့သတိရပြီး မြန်မာတပြည်လုံးတွင် ရွှေရင်ကျော်ဆရာများ အလှူအတန်း(မုန့်ဟင်းခါးဆွမ်းများ) ကပ်လှူကျွေးမွေးကြပါသည်။ အဖေကြီးတွင် သမီးတစ်ဦး သားတစ်ဦး ကျန်ရှိခဲ့ပါသည်။ အဖေကြီး၏သား တစ်ဦးဖြစ်သော ဆရာကြီး ဦးမျိုးမြင့်( မြောက်ဥက္ကလာ) သည် အဖေကြီးမှ ဆင်းသက်လာသော ရွှေရင်ကျော်ပညာဝင် ဆရာ/ဆရာမများကို စုစည်းပြီး စည်းလုံးညီညွတ်မှု့ရှိရန်နှင့် ဂိုဏ်းတော်နှင့် သွေဖီသော လုပ်ရပ်မမှန်သော လုပ်ဆောင်ချက်များကို အမှားကို ပြင် အမှန်ကို မြင်အောင် ရှင်းလင်းပြသပြီး ရွှေရင်ကျော်ပညာ အထွတ်တည်တံ့ခိုင်မြဲအောင် ကြိုးပန်းလုပ်ဆောင်နေပါသည်။ မြန်မာတပြည်လုံးရှိ ဆရာဆရာများ ပညာဝင်များအားလုံး ပူးပေါင်းလက်တွဲ ဂိုဏ်းတော်၏ တာဝန်ကိုအတူတကွ ကြိုးပန်းလုပ်ဆောင်သင့်ပါကြောင့် ကောင်းမြတ်သော စေတနာဖြင့် အကြံဥာဏ်ပေးအပ်ပါသည်။

အဖေကြီး ဦးမြခင်၏အာစရိယ သြဝါဒ
ငါ့သား ငါ့မြေးတို့………. တို့ဂိုဏ်းသည် ငါ့အဖေဂိုဏ်း။ ပညာသည် ဆရာတော်ကြီးများ အစဉ်အဆက်ရှိသည့်အတိုင်း (စမ) သုံး ဂိုဏ်းသာလျှင် ဖြစ်သည့်အတိုင်း အင်း၊ ဆေးလက်ဖွဲ့၊ ဓါတ်လုံး မသုံးရ၊ မိမိပညာသာလျှင် အမိရင်း၊ အဖရင်း ဖြစ်သည့်အတွက် ငါ့အဖေဂိုဏ်းတော်ချုပ် ဘိုးတော်ဟန်ကို ဘယ်တော့မှ မမေ့ပါနှင့်။
v သူများဂိုဏ်းကို မပုတ်ခတ်နှင့် မဝေဖန်နှင့်။
v ကိုယ့်ပညာကိုယ် ကြိုးစား၊ ကံဥာဏ် ဝိရိယ အမြဲ သတိရှိကြ။
v မာန်စွယ်ကိုချ သည်းခံမှ မုချချမ်းသာ နိဗ္ဗူတာ။
v မာန်စွယ်ကိုချိုးကာ လိမ္မာပါ။ သေချာ သက်ရှည်ကြောင်း။
v ရာကုဋေ ရှာဖွေပနောက် သဒ္ဒါပေါက်က။
v တစ်ယောက်ရဲရဲ ရနိုင်ခဲ၏။
ဘဝင်မမြင့်ကြနှင့်
ကျေးဇူးရှင် အဖေကြီး ဦးမြခင်

ကျေးဇူးတင်ပါသည်။ လေးစားစွာဖြင့်…။
ဆရာအောင်မျိုး
Powered by Blogger.