ဆံပင်အလှကုန်ပစ္စည်းမသုံးဘဲ ဆံပင်ထူထပ်စေဖို့


ပျော့ပျောင်းပါးလွှာတဲ့ မိမိဆံပင်ကို ထူအောင် လုပ်ချင်ပေမယ့် အလှကုန်ပစ္စည်း အများကြီး သိပ်မသုံးချင်ဘူးမလား။ ဆံပင်သုံးကုန်ပစ္စည်းမပါဘဲ ဆံပင်ထူထပ်အားကောင်းစေတဲ့ နည်းတချို့ရှိပါတယ်။
ဆံပင်ကို အထက်အောက် ပြောင်းပြန် အခြောက်မှုတ်ပါ
ဆံကေသာအမြစ်တွေ မတင်ပေးတာကြောင့် ဒီနည်းက ရိုးရှင်းပေမယ့် အလုပ်ဖြစ်ပါတယ်။
ဆံပင်ကို ပြောင်းပြန်လှန်သုတ်/ခြောက်အောင်လုပ်ပါ
သဘောက ဆံပင်ကျတဲ့ဘက်ကို ဆန့်ကျင်ဘက်လုပ်ပြီး hair-dryer နဲ့ တိုက်ရိုက် မှုတ်ပေးရပါမယ်။
ခေါင်းဖြီး /ဆံပင်ခွဲနည်း တစ်မျိုးပြောင်းပါ
မူလဆံပင်ခွဲနည်းပုံစံက ဆံပင်ကို ပြားပြားကြီး ဖြစ်စေပါတယ်။ ဆံပင်ပိုကြွအောင် ထိပ်ရကနေ ပြောင်းဖီးပါ။ ဒါကို ဆံပင်ရေစိုနေတုန်း လုပ်ပေးရပါမယ်။
ဆံပင်ကို ဖွပေးပါ
အသွားကောင်းကောင်းဘီးတွေ သုံးမယ့်အစား paddle brush သုံးပြီး အမြစ်ကို ဖြည်းဖြည်းလေး ဖွပေးပါ။ အပေါ်ပိုင်း ညှပ်ဖြင့် ညှပ်ထားပြီး ကျန်တဲ့နေရာကို နောက်ပြန်ဖြီးပေးပါ။
ဆံထုံးထုံး အိပ်ပါ
ညမှာ အပျော့စား ဆံပင်စည်းကြိုးလေးနဲ့ ဆံပင်ကို အပေါ်ထောင်ပြီး ချောင်ချောင်လေး ချည်ထားပြီး အိပ်ပါ။ မနက် ဆံပင်ကို ဖြည်ချကြည့်လိုက်ရင် ဆံပင်က အုံထူထူလေး သဖွယ်ဖြစ်နေပါလိမ့်မယ်။
Ref: TOI 
Powered by Blogger.