သင့်ရဲ့ အိုင်းလိုင်နာကို မကျိုးကြေအောင် ဘယ်လိုထိန်းသိမ်းနိုင်တယ်ဆိုတာ


အလှအပနှစ်ခြိုက်တဲ့ မိန်းကလေးတော်တ်ာများများအတွက်တော့ အိုင်းလိုင်နာဆိုတာ မရှိမဖြစ်ပါပဲ။ အိုင်းလိုင်နာလေး ဆွဲလိုက်မှ ခြယ်သထားတဲ့ မျက်နှာဟာ ပြီးပြည့်စုံသွားသလိုမျိုး အိုင်းလိုင်နာရဲ့ အခန်းကဏ္ဍကလည်း ကြီးမားလှပါတယ်။ ဒါပေမယ့် အိုင်းလိုင်နာကို သေချာလေး ထိန်းသိမ်းဖို့ဆိုတာကတော့ အရေးကြီးသလောက် အရေးလည်း ပါလွန်းလှပါတယ်။ တစ်ခါတစ်လေ လိုင်နာခဲတံကို ချွန်စက်နဲ့ ချွန်ရတာမျိုး ရှိသလို၊ အဲ့ဒီလို လုပ်စရာမလိုပဲ တန်းပြီးဆိုးလို့ရတာတွေလည်း ရှိပါတယ်။ ဒီတော့ သင့်အိုင်းလိုင်နာလေး ကျိုးကြေသွားတာမျိုးတွေ မဖြစ်ပဲ တာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
နည်းကတော့ ထင်ထားတာထက် ပိုလွယ်ကူပါတယ်။ အိုင်းလိုင်နာ မဆိုးခင် ငါးမိနစ်လောက်အလိုမှာ သင့်အိုင်းလိုင်နာကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်အိုင်းလိုင်နာကို ခဲတံချွန်စက်နဲ့ ချွန်ရင်တောင် ကျိုးတာမျိုး မရှိနိုင်တော့ပါဘူး။ ကဲ ဒီနည်းလေးကို စမ်းကြည့်ရင်း အလှကြိုက်တဲ့ပျိုမေတွေ အားလုံးအဆင်ပြေကြပါစေနော်။
Ref:shefinds

Powered by Blogger.