အဲကွန်းတပ်ထားတဲ့ ရုံးခန်းတွေထဲမှာ အလုပ်လုပ်ရတဲ့အတွက် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ပါ့မလား

 
သင်က လေအေးပေးစက် တပ်ထားတဲ့ ရုံးခန်းထဲမှာ အလုပ်လုပ်နေရတဲ့အတွက် မြင့်မားလွန်းနေတဲ့ အပူဒဏ် အန္တရာယ်ကို မကြုံတွေ့နိုင်တော့ဘူးလို့ ထင်နေရင် မှားပါလိမ့်မယ်။ အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့သူများလည်း အပူကြောင့်ဖြစ်တဲ့ လေသင်တုန်းရောဂါ ခံစားနိုင်ရကြောင်း ဆရာဝန်များက ပြောကြားလိုက်ပါတယ်။
 
အဲယားကွန်းခန်းထဲမှာ နေထိုင်ခြင်းက ပြင်ပ အပူချိန်နဲ့ အနည်းဆုံး ၂၀ ဒီဂရီကျော်ကွာခြားနေပါတယ်။ ဒါကြောင့် ရုတ်တရက် အပူချိန်အနည်းငယ် ပြောင်းလဲလိုက်တာနဲ့ အရမ်းကို ဆိုးရွားတဲ့ ပြဿနာ ဖြစ်သွားစေမှာ ဖြစ်ပါတယ်။ လူတွေက လေအေးပေးစက်များကို မှီခိုလာတာနဲ့အမျှ အပူကြောင့်ဖြစ်တဲ့ ရောဂါတွေ ပိုမိုများပြားလာတာကိုတွေ့ရှိရပါတယ်။ လေအေးပေးစက်အခန်းထဲမှာ နေချိန်ကြာမြင့်တဲ့သူတွေရဲ့ ခန္ဓာကိုယ်က ပတ်ဝန်းကျင် အပူချိန်နဲ့လိုက်ဖက်အောင် ချိန်ညှိဖို့ ကြိုးစားလာရပါတယ်။ ဒီလိုလူမျိုးတွေက ပတ်ဝန်းကျင်အပူချိန် ခဏတာပြောင်းလဲမှုကိုတောင် ခံနိုင်ရည် မရှိတော့တဲ့အတွက် နေပူရှိန်အနည်းငယ်ထိတွေ့ရုံနဲ့ပင် အပူလေသင်တုန်းဖြတ်ရောဂါ ဖြစ်စေနိုင်ပါတယ်။
 
ခန္ဓာကိုယ်အပူချိန် 40 ဒီဂရီ ဆဲလ်ဆီးယပ်စ်( 105 ဒီဂရီ ဖာရင်ဟိုက်)ကျော်ပြီး အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ခေါင်းကိုက်ခြင်း၊အော့အန်ခြင်း၊အရေပြား နီရဲနေခြင်းတို့မှာ အပူလေသင်တုန်းဖြတ်ခြင်း၏ လက္ခဏာများဖြစ်ပါတယ် ။ပြင်း ထန်တဲ့ အခြေအနေများတွင် ခန္ဓာကိုယ်ဟာ အပူချိန်ကို လျှော့ချနိုင်ခြင်း မရှိတော့ဘဲ သတိလစ်မေ့မျောခြင်းမှ သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
 
ဒါ့အပြင် လေအေးပေးစက်အခန်းများမှာ နေလေ့ရှိပြီး ဆေးဝါး သောက်သုံးနေရသူများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များမှာ နေပူဒဏ်ကို နှစ်ဆပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိမှုများအရ နွေရာသီ၏ ပြင်းထန်သောနေရောင်ခြည်သည် အရင်က ရှိနှင့်ပြီးသော ရောဂါများဖြစ်သည့် အစာအိမ်ရောင်ရမ်းခြင်းနှင့် အူရောင်ရောဂါတို့ကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်လို့ သိပ္ပံပညာရှင်များက ဆိုကြပါတယ်။
 
Ref:timesofindia.indiatimes/TrendMyanmar
Powered by Blogger.