ကလေးရရှိရေးကို အားဖြည့်လောင်းတဲ့ ဆေး ၃ မျိုး

လင်ရယ် မယားရယ်လို့ အိမ်ထောင်ရေးဘဝကို ရောက်လာပြီဆိုရင် ကလေးရရှိရေး က အရမ်းကို အရေးပါတယ်။ ဒီဆောင်းပါးကနေ ကလေးလိုချင်တဲ့ သူတို့ရဲ့စိတ်ကူးယဉ်အိပ်မက်တွေကို နားလည်နိုင်ပါတယ်။ တခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကလေးမလိုချင်တဲ့စိတ်က သန္ဓောသား မအောင်မြင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စုံတွဲတွေ ကလေးရဖို့ အချိန်အကြာကြီးစောင့်စားမျှော်ကိုးနေခဲ့ရတာကို လူတိုင်းသိကြမှာပါ။ 
 
ကလေးရရှိနိုင်တဲ့အကြောင်းတရားက တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ဒါပေမဲ့ ယောက်ျား၊ မိန်းမ နှစ်ဦးလုံး ကလေးရရှိဖို့အတွက် ကြိုးစားနေကြရပါတယ်။ အိန္ဒယနိုင်ငံထုတ် Times မဂ္ဂဇင်းမှာ ကလေးရရှိရေးကို အားဖြည့်ပေးတဲ့ သဘာဝဆေးပင်အချို့ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဆေးများမှာ  -
 
၁. ချယ်ရီပင်နှင့် ဂျင်ဆင်း ဆတူရောစပ်ထားတဲ့ ဆေး
 
အဲဒီဆေးဟာ ခန္ဓာကိုယ်တွင်းဟော်မုန်း ဓါတ်စနစ်ကို အားဖြစ်စေပြီး ဆောင်ရွက်မှုစွမ်းရည်ကို တိုးတက်စေပါတယ်။ အဲဒီဆေးက သန္ဓေသား အောင်မြင်မှုကို ထောက်ကူပေးပါတယ်။ ဒါ့အပြင် အိန္ဒိယဂျင်ဆင်းလို့ လူသိများတဲ့ ashwagandha ကလည်း ခံနိုင်ရည်ကို မြှင့်တင်ပေးပါတယ်။ 
 
၂. ရတ်စ်ဘယ်ရီရွက်
 
ဒီအရွက်ကိုစားသုံးခြင်းရဲ့ အကျိုးအာနိသင်မှာ ပုံမှန်သန္ဓေသားလောင်းဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ ဒါ့အပြင် ရတ်စ်ဘယ်ရီရွက်ဟာ ခန္ဓာကိုယ်ဟော်မုန်းဓါတ်ကိုလည်း တိုးပွားစေပါတယ်။ ရတ်စ်ဘယ်ရီးရွက်ကို လက်ဖက်ရည်ကဲ့သို့ကျိုချက်သောက်သုံးခြင်းဟာ အမျိုးသမီးများရဲ့ သန္ဓေအောင်နှုန်းကို ထောက်ပံ့ပေးပါတယ်။ 
 
၃. ပျဉ်းမပင်အရွက်
 
ပျဉ်းမပင်ရွက်ဟာ သားအိမ်ပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးပြီး ကလေးရရှိရေးအခွင့် အရေးကိုလည်း တိုးပွားစေပါတယ်။ နောက်ကောင်းကျိုးတစ်ခုကတော့ ကိုယ်ဝန်ပျက်ကျခြင်းမှတားဆီး ကာကွယ်ပေးပါတယ်။ အဲဒီအရွက်ကို လက်ဖက်ရည်ကဲ့သို့ကျိုချက်ပြီး တစ်နေ့ ၃ ခွက် သောက်သုံးနိုင်ပါတယ်။ 
 
Powered by Blogger.