အစွမ်းထက်တဲ့ ကွမ်းရွက် အစွမ်းသတ္တိ ၉ မျိုး

 
အသွင်ရိုးသလောက် ကွမ်းရွက်ရဲ့အစွမ်းအာနိသင် ကတော့ မရိုးပါဘူး။ ရှေးယခင်ကတည်းက နားခေါင်းသွေးလျှံခြင်း၊ ရေပူလောင်ခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာတွေကုသရာတွင် ကွမ်းရွက်ကို အသုံးပြုခဲ့ကြပါတယ်။ သမိုင်းပညာရှင်များ ပြောဆိုပုံအရ ကွမ်း ရွက် ကို အာရှတိုက်ရှိ သိရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက စတင်သုံးစွဲ ခဲ့တယ်လို့ သိရပါတယ်။ စာဖတ်သူအား ကွမ်းရွက်ရဲ့အစွမ်းသတ္တိ ၉ ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
 
အန်တီအောက်ဆီဒန့်ဓါတ် ပြည့်ဝခြင်း  
ကွမ်းရွက်မှာပါရှိတဲ့ အန္တရာယ်ရှိသော မော်လီကျုတွေကို သုတ်သင်ပေးတဲ့ antioxidant ဓါတ်တွေက ခန္ဓာကိုယ်အတွင်းရှိ free radicals (အီလက်ထရွန်ဓါတ်မဲ့မော်လီကျု)တွေကို တိုက်ခိုက်ဖယ်ရှားပေးပါတယ်။ ကွမ်းရွက်စားသုံးပါက အဲဒီအာနိသင်တွေကို စာရှုသူရရှိမှာ ဖြစ်ပါတယ်။
 
ဝမ်းချုပ်ခြင်း  
ကွမ်းရွက်စားသုံးခြင်းကြောင်း အူမကြီးမှကျင်ကြီးစွန့်ထုတ်မှုကို လွယ်ကူစေပါတယ်။
 
သွားဖုံးသွေးထွက်ခြင်း  
ကွမ်းရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့် သွားဖုံးသွေးထွက်ခြင်းကို ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
 
ရောင်ရမ်းနာကျင်ခြင်း 
ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ပါက ကွမ်းရွက်စားသုံးခြင်း ဒါမှမဟုတ် ကွမ်းရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
 
ချောင်းဆိုးခြင်း 
ကွမ်းရွက်ပြုတ်ရည်ဟာ ချောင်းဆိုးခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းရောဂါများ ကုသရာတွင် အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။
 
ဆီးချိုရောဂါ 
ဆီးချိုရောဂါကို ကွမ်းရွက်ရည်နှင့် ကုသပေးနိုင်ပါတယ်။ ကွမ်းရွက်တွင် ဆီးချိုရောဂါသက်သာပျောက်ကင်းတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင်း အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။
 
ဒါဏ်ရာ 
ကွမ်းရွက်မှာ ပိုးသတ်ဆေးအာနိသင်ပါတဲ့အတွက် ရေပူလောင်ဒါဏ်ရာများ၊ ကုတ်ရာခြစ်ရာများအပြင် အခြားဒါဏ်ရာများကိုလည်း ကွမ်းရွက်နှင့် ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
 
ဆေးလိပ်ဖြတ်ခြင်း  
ဆေးလိပ်သောက်တဲ့သူတွေအတွက် ကွမ်းရွက်ကိုဝါးစားခြင်းဖြင့် အဲဒီအကျင့်ဆိုးကို ဖျောက်ဖျက်နိုင်ပါတယ်။
 
ဝက်ခြံ 
မျက်နှာပေါ်ရှိဝက်ခြံကိုလည်း ကွမ်းရွက်ရည်နှင့် မျက်နှာကို ပုံမှန်ဆေးကြောသန့်စင်ခြင်းဖြင့် ကုသပေးနိုင်ပါတယ်။
 
Ref:articlesofhealthcare/TrendMyanmar
 
Powered by Blogger.