လူသူမသိတဲ့ စပါးလင်အကျိုး ၅ မျိုး

 
စပါးလင်ဟာ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ တကယ်တော့ ဒီအပင်ဟာ အမွှေးအကြိုင် တစ်မျိုးဖြစ်ရုံသာမက ဆေးဖက်ဝင်တဲ့ အရည်တစ်မျိုးဖြစ်ပြီး ပေါင်းခံအဆီထုတ်သုံးပါက ရောဂါအတော်များများအတွက် ဆေးတစ်လက်ဖြစ်ပါ တယ်။ စပါးလင်မှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဖောလိ အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော်ပါး၊ သံဓါတ်၊ ဖော့စပရတ်၊ ကယ်လစီယမ်၊ မန်ဂနိဓါတ်နှင့် အခြားသတ္တုဓါတ်အနည်းငယ် ပါဝင်ပါတယ်။
 
မှီဝဲသုံးစွဲပါက ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ စိတ်ညှိးနွမ်းနေခြင်း၊ ကင်ဆာရောဂါ၊ ဘက်တီးရီးယားပိုးများ နှင့် မှိုရောဂါများကို ကာကွယ်တိုက်ထုတ်ပေးပါတဲ့ အကျိုးအာနိသင်ကိုခံစားရမှာဖြစ်တယ်။ ဒါအပြင် Boldsky စာမျက်အရ အောက်ပါအကျိုး အာနိသင်များကို ဤသို့ခံစားရမှာဖြစ်ပါတယ်။
 
တုပ်ကွေးရောဂါကုဆေး
 
နှာပိတ်ရောဂါဖြစ်တဲ့ တုပ်ကွေးရောဂါမိပြီဆိုရင် စပါးလင်နဲ့ကုသပေးနိုင်ပါတယ်။ တုပ်ကွေးမိတဲ့အခါ စပါးလင်ကြိုရည် သောက်လိုက်တာနဲ့ အကျိအချွေးဂလန်းရောင်ရမ်းမှုတွေကို သက်သာပျောက်ကင်းစေသဖြင့် အသက်ရှူရတာအဆင်ပြေ စေပါတယ်။ စပါးလင်မှာ ဗီတာမင် စီ ပါဝင်မှုများပြားတာကြောင့် တုပ်ကွေးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
 
ကိုလက်စထရောပမာဏနှင့် သွေးပေါင်တက်ခြင်းကို ထိန်းချုပ်ပေးခြင်း
 
စပါးလင်မှာပါဝင်တဲ့ အာဟာရဓါတ်များဟာ ကိုလက်စထရောပမာဏနှင့်သွေးပေါင်တက်ခြင်းတို့ကို ကျဆင်းစေပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ သွေးလွှတ်ကြောများထဲက ကိုလက်စထရောများကို ချေမှုန်းပေးတဲ့အတွက် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းရောဂါများက ကာကွယ်ပေးပါတယ်။
 
ဦးဏှောက်ကျန်းမာစေခြင်း
 
စပါးလင်ဟာ စိတ်ဖိစီးမှုနှင့်ခန္ဓာကိုယ်မောပန်းနွမ်းနယ်မှုကို သက်သာပျောက်ကင်းတဲ့ဆေးတစ်လက် ဖြစ်ပါတယ်။ အဲဒီဆေးကိုမှီဝဲသုံးစွဲပါက အိပ်မပျော်ရောဂါစွဲကပ်ခြင်းမှ လုံးဝကင်းဝေးမှာဖြစ်ပြီး သမာဓိအားကောင်းကာ ဦးဏှောက် မှတ်ဥာဏ်ပိုမိုကောင်းမွန်လာမှာဖြစ်တယ်။
 
ရောင်ရမ်းမှု ပျောက်ကင်းနိုင်ခြင်း
 
စပါးလင်ရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ကြွက်သားနာကျင်ခြင်း၊ ကြွက်သားရောင်ရမ်းမှုကို သက်သာပျောက် ကင်းစေပြီး အဆစ်အမျက်ရောင်နာ၊ သွားကိုက်နာ၊ ဆီးအိမ်အောင့်ခြင်းမှလည်း သက်သာစေပါတယ်။
 
အစာကြေစေခြင်း
 
အစာချေအင်္ဂါစနစ်ဖောက်ပြန်လာပါက စပါးလင် ၁ ပင် ၂ ပင်ကို ရေ ၁ ခွက် ၂ ခွက်နှင့် ကြိုသောက်ရုံဖြင့် ယူပစ်သလိုပျောက်ကင်းသက်သာစေပါတယ်။
 
ဒီ စပါးလင်အကျိုးတရားများကို ကျန်းမာရေးဖောက်မှုနှင့်ကြုံလာတဲ့အခါ လက်တွေ့သုံးစွဲနိုင်ပါတယ်။
 
Ref:articlesofhealthcare/TrendMyanmar
Powered by Blogger.