နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် အစားအစာများ

 
အိပ်ဆေးတွေ မှီဝဲနေမယ့်အစား ဘဘာဝအရ ကောင်းမွန်စွာ ညအိပ်ပျော်စေမယ့် အစားအစာတွေရှိပါတယ်။ သင့်မှာ အိပ်မပျော်တဲ့ ပြသနာရှိနေမယ်ဆိုရင် ညစာကို အားရပါးရ မစားသင့်ပါဘူး။ ဆိုလိုတာကတော့ ညမအိပ်ခင် အနည်းဆုံး နာရီဝက်ကြိုစားထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သင့်တော်တဲ့ အိပ်စက်မှုကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင် ညအိပ်ယာမဝင်မီ စားပေးသင့်တဲ့ အစားအစာတွေကတော့
မက်မန်းသီး
အိပ်ယာမဝင်ခင် မက်မန်းသီးအနည်းငယ် စားပေးခြင်းက သင့်ရဲ့ကြွက်သားတွေကို အနားရစေပြီး အလွယ်တကူ အိပ်ပျော်သွားစေပါလိမ့်မယ်။ အဲဒါဟာ မက်မန်းသီးမှာ ပါဝင်တဲ့ magnesium နဲ့ tryptophan တို့ ကြောင့်ဖြစ်ပါတယ်။
နွားနို့ပူပူ
ကယ်လ်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ကို နို့မှာပါဝင်သော အမိုင်နိုအက်ဆစ်ဖြစ်တဲ့ tryptophan ကို စုပ်ယူစေပြီး စိတ်တည်ငြိမ်မှုဖြစ်စေပါတယ်။
ပျားရည်
ပျားရည်မှာ ရောဂါအမျိုးအစားများစွာကို ထိထိရောက်ရောက် ကာကွယ် ကုသပေးနိုင်ပြီး သူ့ရဲ့အာနိသင်တွေကတော့ စိတ်ပူပန်မှုကို အမှန်တကယ် ဖြေဖျောက်စေတဲ့အပြင် အလွယ်တကူ အိပ်ပျော်စေနိုင်တာတို့ပါပဲ။ သိကြားပမာဏ များရင် လန်းဆန်းမှုဖြစ်စေပေမယ့် ပျားရည်မှာပါတဲ့ ဂလူးကို့စ်မှာတော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိပါတယ်။
အာလူး
ဖုတ်ထားတဲ့ အာလူးက tryptophan ထုတ်လွတ်ပေးတဲ့ (သကြားဓာတ်သွေးထဲဝင်မှုကို ထိန်းပေးသည့် ဒြပ်) အင်ဆူလင်ဓာတ် ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ အပြန်အလှန်အနေနဲ့ စိတ်ငြိမ်မှု ဖြစ်စေပြီး အိပ်ပျော်စေတဲ့ serotonin ဓာတ်တစ်မျိုး ထုတ်ပေးပါတယ်။
Ref: healthyfoods/trend.com.mm
Powered by Blogger.