ပိုမိုပြည့်တင်းတဲ့ နှုတ်ခမ်းပုံစံမျိုး ရအောင် ဘယ်လိုပြင်ဆင်မလဲ


ကမ္ဘာကျော် မင်းသမီးအိန်ဂျလီနာ ဂျိုလီလို ပြည့်တင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းမျိုး ဆေးတွေထိုး၊ ပုံသွင်းပြုပြင်နေမယ့်အစား အလွယ်တကူ သင်လုပ်ဆောင်နိုင်တာလေးတွေ ရှိနေပါတယ်။ မှန်ကန်တဲ့ အလှကုန်တွေကို ရွေးချယ်ပြီး နည်းမှန်လမ်းမှန် သုံးမယ်ဆိုရင် သင်လိုချင်တဲ့ နှုတ်ခမ်းပုံစံမျိုး ရမှာ အသေအချာပဲလေ။ ဒီတော့ မိတ်ကပ်နဲ့ အလှအပရေးရာ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Jennifer Trotter က ပြည့်တင်းပြီးလှပတဲ့ နှုတ်ခမ်းတစ်စုံရဖို့ ပြောပြထားတာက ၁။ မှန်ကန်တဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်ပါ။ နှုတ်ခမ်းသား ပိုမိုပြည့်တင်းတဲ့ ပုံသဏ္ဍာန်မျိုးရဖို့အတွက်ဆို နှုတ်ခမ်းနီအရောင်ကို peachy pink၊ soft pink တွေလိုပန်းရောင် ရွေးချယ်တာ ကောင်းပါတယ်။ ဒါ့အပြင် အသားရောင်ကလည်း အဆင်ပြေပါတယ်။ ၂။အရမ်းပြောင်လက်တာမျိုးတွေနဲ့ Matte လို ဟာမျိုးတွေ မဆိုးပါနဲ့။ ခရင်မ်နဲ့ Gloss ဆန်တဲ့ နှုတ်ခမ်းနီမျိုးတွေကိုသာ ရွေးချယ်ဆိုးပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီလို နှုတ်ခမ်းနီမျိုးတွေကသာ တခြားလူအမြင်မှာ သင့်နှုတ်ခမ်းသားကို ပိုမိုပြည့်စေသလို ထင်ရလို့ပါ။ shimmer နဲ့ sparkle လို နှုတ်ခမ်းနီမျိုးတွေ ကျတော့ အသက်ကို ပိုမိုကြီးရင့်စေတဲ့ ဆိုးကျိုးတွေ ရှိပါတယ်။ Matte နဲ့ နှုတ်ခမ်းနီအရည်တွေကျတော့လည်း သင့်နှုတ်ခမ်းကို ပြည့်ဖြိုးစေဖို့မကူညီနိုင်ပြန်ပါဘူး။ ၃။ Lip Liner ဘယ်လိုဆိုးရမလဲဆိုတာကို လေ့လာပါ။ နှုတ်ခမ်းသားပိုမို ပြည့်ဖြိုးစေတဲ့ပုံ ရဖို့ ကူညီပေးနိုင်တဲ့ အဓိကအရာကတော့ Lip Liner ပါပဲ။ ဒီတော့ နှုတ်ခမ်းနီမဆိုးခင် ကိုယ်ဆိုးမယ့် နှုတ်ခမ်းနီနဲ့ အရောင်တူတဲ့ Lip Liner့ို ရွေးချယ်ပါ။ ပြီးတဲ့အခါ သင့်နှုတ်ခမ်းသားထက် အပြင်ကို မသိမသာလေး လိုင်နာဆွဲပေးလိုက်ပါ။ သတိထားရမှာက ပါးပါးလေးနဲ့ မသိမသာ ဆွဲပေးရမယ်ဆိုတာပါပဲ။ ၄။ Highlighter သင့်အောက်နှုတ်ခမ်း အနားစပ်လေးတွေကို highlighter လေး နည်းနည်းထည့်ပြီး ပိုလင်းအောင် လုပ်လိုက်ပါ။ ကြည့်ကောင်းအောင် blend လုပ်တာကတော့ သင့်တာဝန်ပဲနော်။ Ref:shefinds/TrendMyanmar
Powered by Blogger.