ကာမစိတ် နိုးကြွစေတဲ့ အစားအစာများ

 
လိင်ရမ္မက်နိုးကြားစေတဲ့ ဖြည့်စွက်အစာတွေ မရေတွက်နိုင်အောင် ထုတ်လုပ်နေကြပေမယ့် မိခင်သဘာဝတရားကြီးက အဲဒီအရာတွေအတွက် အားလုံးကို စီစဉ်ပေးထားပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံးပျော်ရွှင်မှု ရရှိစေမယ့် အကောင်းဆုံး သဘာဝအစားအစာတွေရဲ့ စာရင်းကို ပြုစုပေးထားပါတယ်။
၁။ ချောကလက်
ကာမရမ္မက်နိုကြားတဲ့ ဆေးအဖြစ် ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တာပါ။
၂။ မကာ (Maca)
မကာ ကို ဟော်မုန်းလန်းဆန်း တက်ကြွဆေးအဖြစ် နှစ်ပေါင်းထောင်ချီ  အသုံးပြုခဲ့ပါတယ်။ တချိန်က စစ်မြေပြင် မထွက်ခင် စစ်သည်တော်တွေကို တိုက်ကျွေးခဲ့ပါတယ်။
၃။ သန့်ရှင်းလတ်ဆတ်တဲ့ သဖန်းသီး
သဖန်းသီးကို ဟိုးအရင်ကတည်းက မျိုးအောင်စေတဲ့ ဆေးတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။
၎။ ကြက်ဥ
ယုံချင်ယုံ မယုံချင်နေပါ။ ဘာမဟုတ်တဲ့ ကြက်ဥက အဲဒီရမ္မက်ကို နိုးကြားစေနိုင်တယ်။ ကြက်ဥကဲ့သို့ အသားဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေက ဦးနှောက်အတွင်း dopamine လို့ခေါ်တဲ့ ခံစားချက်တစ်မျိုးကို ထကြွစေပါတယ်။
၅။ ဂျင်ဆင်းပင်
Hawaii တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုက ဂျင်ဆင်းကို နေစဉ်ပုံမှန် စားနေကျ အစားအစာထဲ ထည့်စားလို့ တစ်လကြာပြီးရင် အမျိုးသမီးတွေ ကာမစိတ် တိုးပွားလာကြတယ်လို့ ဆိုပါတယ်။
၆။ စတော်ဘယ်ရီ
စတော်ဘယ်ရီသီးကို ချောကလက် အနက်ထဲ နစ်ပြီး မာတောင့်လာတဲ့အထိထားကာ စားပေးရမယ်လို့လည်း ဆိုပါတယ်။
Ref: yourtango/trend.com.mm
Powered by Blogger.