အလေးချိန်ကျစေမယ့် ညအိပ်ခါနီး စားသုံးနိုင်တဲ့ အစားအစာ (၇)မျိုး


 
ညအိပ်ခါနီးအစားစားတာ သိပ်ကောင်းတဲ့ အလေ့အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အဆီများပြီး အစာချေရခက်တဲ့ အစားအစာဆို ပိုဆိုးပါတယ်။ သို့ပေမယ့် ဗိုက်အရမ်း ဆာလောင်နေပြီး အိပ်လို့မပျော်ဖြစ်ပါက အောက်ပါ အစားအစာများကို ဘာစိုးရမ်းစရာမှ မလိုဘဲ စားသုံးနိုင်ပါတယ်။
၁။ အဆီရှောင် ဒိန်ချဉ်
အဆီဓာတ်ကင်း ဒိန်ချဉ်တစ်ခွက်သောက်ခြင်းဖြင့် မိမိခန္ဓာကိုယ်ကို လိုအပ်တဲ့ ပရိုတိန်းဓာတ် ရရှိစေပြီး သက်သောင့် သက်သာ အိပ်ပျော်စေပါလိမ့်မယ်။
၂။ ကြက်ဖြူသား
ကြက်ဖြူသား အတုံးသေးနှစ်တုံးက ညနေစာအဖြစ် လုံလောက်ပါတယ်။ ဒီနည်းဖြင့် ခန္ဓာကိုယ်ကို အဆီနည်းနည်းနဲ့ အသားဓာတ်များများ ရရှိစေပါလိမ့်မယ်။
၃။ ဒိန်ခဲ
ဒိန်ခဲတစ်ပွဲက အာသာပြေစေပါလိမ့်မယ်။ ၄င်းမှာ ကယ်လိုရီး ၈၀ သာပါဝင်တယ်။
၎။ အဆီကင်း ချောကလက်အချိုပွဲ
ကုန်စုံဆိုင်မှာ ဝယ်ယူရရှိနိုင်တဲ့ အဆီဓာတ်ကင်း ချောကလက် အချိုပွဲက ဝေ့မတက်ပဲ ဗိုက်ဝစေပါလိမ့်မယ်။
၅။ မြေပဲထောပတ်နဲ့ ပန်းသီး
ပန်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး တစ်ခုခုစားချင်စိတ် ပြေပျောက်စေပါလိမ့်မယ်။ တခြားတဖက်မှာလည်း ဗိုက်ဝစေမှာ ဖြစ်ပါတယ်။
၆။ အုတ်ဂျုံမုန့်
အုတ်ဂျုံမုန့်တွေမှာ ကယ်လိုရီး ၂၀၀ လောက် ပါဝင်တယ်။ အလွယ်တကူ အစာကြေပြီး ဗိုက်နာတာ ကင်းစေပါတယ်။
၇။ ငှက်ပျောသီး
ညမအိပ်မီ ဗိုက်ဆာမှုပြေစေနိုင်တဲ့ အကောင်းဆုံး သစ်သီးဖြစ်ပြီး ဗိုက်သားနဲ့ ကိုယ်အလေးချိန်ကိုလည်း မထိခိုက်စေပါဘူး။
Ref:healthyfoodstar/trend.com.mm
Powered by Blogger.