သဘာဝအတိုင်း ဝက်ခြံကုနည်း ၅ မျိုး

 
ဝက်ခြံကို သဘာဝအတိုင်းကုသခြင်းဟာ ဓါတုပစ္စည်းတွေပါတဲ့ ပစ္စည်းတွေသုံးပြီး ကုသတာထက် ပိုကောင်းတဲ့ ကုသမှုဖြစ်ပါတယ်။  ဝက်ခြံဟာလူတွေရဲ့အလှတရားကို ပျက်ပြယ်ဖျက်စီးစေပြီး မိမိကိုယ် ကိုယုံကြည်စိတ်ကို ယုတ်လျှော့စေတာကြောင်း သေချာစွာ ကုသသင့်ပါတယ်။ ဒါပေမဲ့ ဈေးထဲက ဝက်ခြံဆေးတွေကတော့ မထိရောက်ပါဘူး။ ဒါကြောင်း ဝက်ခြံကို သဘာဝအတိုင်းကုသတာက ပိုမိုသင့်မြတ်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ အောက်ပါတို့မှာ ဝက်ခြံကို သဘာဝအတိုင်း ကုသပေးတဲ့ နည်းလမ်းများဖြစ်ပါတယ်။ သဘာဝအတိုင်း ဝက်ခြံကုနည်း ၅ မျိုးမှာ
 
ကက်သွန်ဖြူ စားသုံးခြင်း 
 
ကြက်သွန်ဖြူဟာ အရေပြားချွေးပေါက်တွေမှာရှင်သန်နေတဲ့ ဗက်တီးရိးယားပိုးမွှားများကို ခုခံတိုက်ထုတ်ပေးပါတယ်။ ဒါအပြင် ကြက်သွန်ဖြူဟာ အရေပြားအပြင် ကိုယ်ခန္ဓာအားကိုလည်း တိုးပွားစေပြီး ဝက်ခြံကိုကာကွယ်ပေးပါတယ်။ 
 
ကိုယ်ကာယလှုပ်ရှားမှုနှင့် အိပ်ရေးဝဝအိပ်စက်ခြင်း 
 
သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်လှုပ်ရှားရတဲ့ လှုပ်ရှားမှုများနှင့် စိတ်ဖိစီးမှုတွေက ဟော်မုန်းဓါတ်များကို မမျှမတဖြစ်စေကာ ဝက်ခြံပေါက်စေပါတယ်။ ခန္ဓာကိုယ်အား ပုံမှန်လှုပ် ရှားပေးခြင်းနှင့် အိပ်ရေးဝဝအိပ်စက်ခြင်းက ခန္ဓာကိုယ်ရှိဟော်မုန်းဓါတ်တွေကို မျှတစေတာကြောင်း ဝက်ခြံပေါက်ရောက်ခြင်းကို ထိရောက်စွာကာကွယ်ပေးပါတယ်။ 
 
မနက်ပိုင်း နေဆာခံခြင်း 
 
နေရောင်ခြည်ထိတွေ့ခံစားတာဟာ ဝက်ခြံကို သဘာဝအတိုင်း ကုသတဲ့နည်းဖြစ်တယ်။ ချစ်ချစ်တောက်ပူလောင်တဲ့ နေရဲ့အထိအတွေ့မဟုတ်ပါဘူး။ မနက်ပိုင်းနေအထိအတွေ့ပါ။ အရေပြားရှိဆဲလ်တွေ သက်ရှည်ကျန်းမာဖို့အတွက် နေရောင်ခြည်လိုအပ်ပါတယ်။ နံနက်တိုင်း အရေပြားနှင့်မျက်နှာကို ၁၀ - ၁၅ မိနစ်ခန့် နေဆာခံပေးပါ။ 
 
ရေနွေးနှင့် မျက်နှာကို ဆေးကြောပါ 
 
ဝက်ခြံကို သဘာဝအတိုင်းကုသပေးတဲ့နေရာမှာ ရေနွေးဟာ အရမ်းထိရောက်မှုရှိတယ်။ မျက်နှာပေါ်ရှိချွေးပေါက်တွေမှာ အညစ်အကြေးတွေကျန်ရှိနေတာကြောင်း ဝက်ခြံ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချွေးပေါက်များပွင့်လာရန် ရေနွေးနှင့် မျက်နှာကိုဆေးပါ။ ပြီးတော့ မျက်နှာသန့်စင်ရန်အတွက် မျက်နှာသစ်ဆေး သုံးကာ အသေအချာဆေးကြောပါ။ အဲဒီနောက် ချွေးပေါက်တွေ ပြန်လည်ပိတ်သွားအောင် ရေအေးနှင့်သစ်ပါ။
 
ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်ဖယ်ရှားခြင်း 
 
မျက်မှောက်ခေတ်တွင် ခန္ဓာကိုယ်အတွင်းသို့ အဆိပ်အတောက်အမျိုးမျိုး နည်းမျိုးစုံနှင့် ဝင်ရောက်နေပါတယ်။ အစားအသောက်မှတစ်ဆင့်သော်လည်းကောင်း၊ လေမှတစ်ဆင့် သော်လည်းကောင်း အနည်းနှင့်အများ ဝင်ရောက်ကြပါတယ်။ အဲဒီအဆိပ်အတောက်များ ကြောင်း ဝက်ခြံပေါက်စေပါတယ်။ ဒါကြောင့် အဆိပ်အတောက်ဖယ်ရှားခြင်းဟာ ဝက်ခြံပေါက် ခြင်းကို ကုသရာရောက်ပြီး တားဆီးကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားရန်အတွက် နေ့တိုင်း ရေကိုလုံလောက်စွာ သောက်သုံးပါ။ ကျန်းမာရေးနှင့်ပြည့်စုံသောသစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးပါ။ အဆိပ်အတောက်များဟာ ကျင်ငယ် ဒါမှမဟုတ် ချွေးများမှတစ်ဆင့် ထွက်သွားခြင်းဖြင့် ဝက်ခြံပေါက်ခြင်းကို ကာကွယ်ပေးပါတယ်။ 
Ref:.articlesofhealthcare/TrendMyanmar
Powered by Blogger.