အရှေ့အလယ်ပိုင်းမှ အမျိုးသမီးများ ရာစုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ မျက်နှာအမွေးအမျှင် အပြီးဖယ်ရှင်းဆေးနည်း


မျက်နှာနဲ့ ခန္ဓာကိုယ်မှ မလိုချင်တဲ့ အမွေးအမျှင်တွေ အပြီးပိုင် ရှင်းလင်းလိုပါက လုံးဝသဘာဝကျပြီး အိမ်မှာ ဖော်စပ်နိုင်တဲ့ အံ့သြဖွယ် ဒီဆေးနည်းကို စမ်းသုံးကြည့်ပါ။
ပါဝင်ပစ္စည်းများ
·         နနွင်း ထမင်းစားဇွန်း (၁) ဇွန်း
·         ကုလားပဲအမှုန့် ထမင်းစားဇွန်း (၂) ဇွန်း
·         ဒိန်ချဉ် သို့မဟုတ် နို့ အနည်းငယ်
အသုံးပြုနည်း
ပြင်ဆင်ဖော်စပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို အားလုံးရောနှောလိုက်ပြီး လိုချင်တဲ့ နေရာတွေမှာ လိမ်းပြီး မိနစ် ၂၀ ထားပေးပါ။ နောက် ဂွမ်းဖတ်သန့်သန့်လေး သို့မဟုတ် ရေနွေးထဲ ကြိုစိမ်ထားတဲ့ brush နဲ့ ပွတ်တိုက်ပြီးနောက် ရေဆေးပေးပါ။
ဒီကုသနည်းအတိုင်း တစ်ပတ် ၃-၄ ကြိမ် တစ်လကြာ ပြန်ပြန်လုပ်ပေးသင့်ပါတယ်။ အမွေးအမျှင်တွေ လျော့နည်းလာပြီး နောက်ဆုံး အပြီးပျောက်ကွယ်သွားပါလိမ့်မယ်။
Ref: Goodmorningcenter/TrendMyanmar
Powered by Blogger.