သိသာထင်ရှားတဲ့ အတောင်ပံသဏ္ဍာန် အိုင်းလိုင်နာ ဆွဲနည်း

အတောင်ပံပုံဏ္ဍာန် အိုင်းလိုင်နာ ခြယ်သနည်းဟာ လူတိုင်းနဲ့ လိုက်ဖက်ပြီး ရိုးရှင်းတဲ့ eyeliner ဆွဲနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆွဲရတာ လွယ်ကူပြီး အရည်၊ gels နဲ့ ခရင်မ် စသဖြင့် အမျိုးမျိုးရှိတာကြောင့် ကိုယ်ကြိုက်ရာ eyeliner fomula ကို အသုံးပြုနိုင်ပါတယ်။
အဆင့် - ၁

Eyeliner ထဲ စုတ်တံနှစ်ပြီး မျက်တောင်လိုင်း အပေါ်တလျှောက် ညင်သာစွာ ဆွဲပြီး မျက်လုံးအပြင်ဘက်ထောင့်စွန်းလေးထိ ပုံမှာပြထားသလို ဆွဲသွားလိုက်ပါ။ အဲ့ဒီလို ဆွဲတဲ့အခါ ခုနဆွဲသွားတဲ့ ထောင့်စွန်းလေးဟာ အောက်ငိုက်မနေပဲ အပေါ်ကို ကော့သွားရမှာပဲ ဖြစ်ပါတယ်။ သိသာ နေစေဖို့အတွက် အပြင်ဘက်ကို ကော့ပြီး ဆွဲပေးပြီးတာနဲ့ အနားကွပ် ပိုချွန်ပေးရပါမယ်။
အဆင့် - ၂

နောက် တစ်ဆင့်ကတော့ စုတ်တံကို ခုနက ဆွဲလိုက်တဲ့ မျဉ်းကြောင်းအပြင်ဘက်ထောင့်မှာ ထားပြီး မျက်လုံးအလယ်ထိပြန်ဆွဲကာ ဖွဖွလေး လိုင်နာဖြည့်ပေးပါ။
အဆင့်- ၃

ဒီအဆင့်မှာတော့ လိုင်နာကို ဖြည့်ရမှာ ဖြစ်ပြီး မျက်ရစ်လိုင်းနဲ့ ပိုမိုနီးကပ်လာတဲ့အခါမျိုးမှာတော့ ပါးပါးလေးခြယ်ပေးရပါမယ်။ မျက်လုံးအတွင်းထောင့်စွန်းကနေ အပြင်ဘက်သို့ အပါးမှ အထူ liner effect မျိုးဆို ပိုလှပါတယ်။
အဆင့် - ၎

မျက်စိ အတွင်းပိုင်းထောင့်ချိုးထိ liner ကို ဆက်ဆွဲပြီး မျက်ရစ်တစ်လျှောက် ကျန်နေတဲ့နေရာတွေ ဖြည့်ပေးပါ။
အဆင့် - ၅

ကျန်တစ်ဖက်ကိုလည်း အဆင့် ၂ ကနေ ၅ ထိ ထပ်လုပ်ပေးပါ။ ဒါဆို ပြည့်စုံကောင်းမွန်တဲ့ မျက်လုံးခြယ်သမှုမျိုး ပိုင်ဆိုင်နိုင်ပါပြီ။
Ref: Beautylish/TrendMyanmar
Powered by Blogger.