အနီအပိန့်ထတတ်တဲ့ အရေပြားရောဂါကို ကုသနိုင်တဲ့ သဘာဝနည်း ၄ မျိုး

 
အသားအရေပေါ်မှာ အနီအပိန့်တွေ ထဖူးတဲ့သူတွေဟာ  အရေပြားဟာ ဆဲလ်သေကြေခြင်း၊ အရေပြားထူထပ်ခြင်း၊ နီမြန်းသောအပိန့် ပေါက်ခြင်း၊ ယားယံနာကျင်ခြင်းတို့ ခံစားဖူးကြပါလိမ့်မယ်။ အဲဒီရောဂါဖြစ်လာပါက အနေအထိုင် မအီမသာဖြစ်ပြီး သာမန်လူ အသားအရေနှင့်မတူတော့တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုလည်း ကျဆင်းသွားစေပါတယ်။
 
အရေပြားရောဂါ ကို ကာကွယ်တားဆီးဖို့က လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အဲဒီအရေပြားရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ သဘာဝနည်းတွေတော့ ရှိပါသေးတယ်။ နည်းလမ်းအချို့ကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။
 
ပင်လယ်သေမှ ထုတ်သောဆား 
ပင်လယ်သေမှ ထုတ်ယူသောဆားမှာ သဘာဝသတ္တုဓါ တ်ပိုမိုများပြားစွာ ပါဝင်တဲ့အတွက်ကြောင်း အဲဒီဆားကို ချိုးရေထဲမှာ ရောနှောထည့်ချိုးပါ။ ရေနွေးတည်ပါ။ ပြီးတော့ အဲဒီဆားဖြူးပြီး ရေချိုးပါ ဒါမှမဟုတ် ရေထဲမှာစိမ်နေပါ။ ဒါဆိုရင် အနာဖီးနှင့် ဆဲလ်သေနေတဲ့အရေပြား ကွာကျသွားပါလိမ့်မယ်။
 
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ 
သားငါးစားသုံးခြင်းထက် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပါ။ အဲဒီအစားအစာများမှာ အရေပြားဆဲလ် များ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ၊ အန္တရာယ် ရှိသော မော်လီကျုများကို သုတ်သင်ပေးတဲ့ antioxidants ဓါတ် ပါဝင်ပါတယ်။
 
ငှက်ပျောခွံ 
ငှက်ပျောသီးစားပြီး အခွံကိုမလွှင့်ပစ်ပါနဲ့။ ငှက်ပျောသီးခွံထဲမှာ ပါဝင်တဲ့ဓါတ်တွေနဲ့  သေနေတဲ့ ဆဲလ်တွေကို ပျောက်ကင်း အောင် ကုသဖို့ ငှက်ပျောသီးအခွံကို အရေပြားရောဂါပေါ်မှာ အုပ်လိုက်ပါ။ မိနစ်အနည်းငယ် အုပ်ထားပြီးနောက် သေချာစွာ ဆေးကြောသန့်စင်ပါ။
 
မုန့်ဖုတ် ဆော်ဒါ 
မုန့်ဖုတ်ဆော်ဒါဟာ အရေပြားကျန်းမာရေး အတွက် ထင်ရှားကျော်ကြားတဲ့ဆေးတစ်လက်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း ၁ ဇွန်းကို ရေ ၄ ဇွန်းနှင့် ရောနှောကာ အရေးပြားထူပိန်းနေတဲ့နေရာ၊ နီမြန်းနေတဲ့နေရာပေါ်မှာ လှိမ်းပြီး အခြောက်ခံပါ။
 
ကံထူးကံကောင်းကြပါစေ။
Ref:articlesofhealthcare/TrendMyanmar
Powered by Blogger.