မျက်တောင်ခြယ်တဲ့အခါ မျက်ရည်မထွက်အောင်


အချို့အချို့သော မိန်းကလေး၊ အမျိုးသမီးတွေဟာ မျက်တောင်ကော့တဲ့အခါ၊ mascara ဆိုးတဲ့အခါ မျက်ရည်တွေ စီးကျလာတတ်ကြပါတယ်။ အထူးသဖြင့် ဓာတ်မတည့်မှုခံစားနေစဉ်အတွင်း အင်မတန်အဖြစ်များပါတယ်။ အဲ့ဒီလို ဖြစ်လေ့ရှိသူတွေအတွက် မျက်တောင်ခြယ်သတဲ့အခါ….
မျက်တောင်ရင်းကနေစပြီး စုတ်တံကို အပေါ်ဘက်သို့ တဖြည်းဖြည်းရွေ့ပေးပြီး mascara ကို သေချာဆိုးပေးပါ။
ဆိုးတဲ့အတံလေးကို ခါယမ်းခြင်း သို့မဟုတ် မျက်တောင်ပေကလတ် ပေကလပ် ပေကလပ် လုပ်ခြင်း ရှောင်ကြဉ်ပါ။ အဲဒါက မျက်လုံးကို မျက်ရည်ပိုလို့တောင် မျက်ရည်ယိုစေပြီး စွန်းထင်းပေရေစေနိုင်ပါတယ်။
မျက်ရည်အရမ်းထွက်တတ်ပါက တစ်ခါသုံး မျက်တောင်ခြယ်တံ အသုံးပြုပါ။ ဒါဟာ  ဓာတ်မတည့်မှု ဖြစ်စေတဲ့ ပစ္စည်းတွေ ကင်းဝေးစေမှာလည်း ဖြစ်ပါတယ်။
Ref: Shefinds
Powered by Blogger.