ရှေးခေတ်လူသားနှင့်နတ်များ
ရှေးခေတ်လူသားနှင့်နတ်များ
-------------------------- ---------
လူသားဟူ၍ခေါ်ဆိုနိုင်သောသက်ရှိသတ္တ၀ါများသည် သမိုင်းမှတ်တမ်းမတင်မီလွန် ခဲ့သော နှစ်ပေါင်းသန်း၂၀ သို့မဟုတ်၃၀ခန့်ကပေါ်ပေါက်လာ ခဲ့မည်ဟုခန့်မှန်းရသော်လည်း တူးဖော်တွေ့ရှိရသည့် ကျောက်ဖြစ်ဦးခေါင်းခွံများ အရ နှစ်၅သိန်းသက်တမ်းသာရှိသေးသ ည်ဟု ယူဆကြသည်။
ခေတ်သစ်လူသားနှင့်ပိုမိုနှီးကပ်စွာတူညီသည့် ရှေးဟောင်းလူများမှာလွန်ခဲ့ သောနှစ်၆သောင်းမှ၃သောင်းခန့် က ပေါ်ပေါက်လာခဲ့သည်။သူသည်ခြေနှစ်ချောင်းပေါ်တွင်ရပ်လျက်နေပြီးကုန်းကုန်းကွကွနှင့်လမ်းလျှောက် သွားတတ်သည်။သူ၏နဖူးမှာဆင်ြေ ခလျှောသဏ္ဍန်ရှိပြီး ခေတ်သစ်လူသားနှင့်နှိုင်းယှဥ်ပါကဦးနှောက်အရွယ်အစားမှာေ သးသည်။လူဟူ၍သာခေါ်နိုင်သော် လည်းအသိဥာဏ်မှာခေတ်သစ်လူသား ထက်များစွာ နိမ့်ကျလျက်ရှိသည်။
ယနေ့ခေတ်သိပ္ပံပညာသည်အရှိန်အ ဟုန်ပြင်းစွာတိုးတက်လျှက်ရှိသည်။သို့သော်လည်း ခေတ်သစ်သိပ္ပံပညာထွန်းကားလာသ ည်မှာသိပ်မကြာသေး။ကမ္ဘာမြေသည်လည်ပတ်လျက်ရှိပြီးအခြားဂြိုဟ်များနှင့်အတူ နေကိုလည်ပတ်လျက်ရှိကြောင်းကိုလွန်ခဲ့သောနှစ်၄၅၀ခန့်ကပိုလန်လူမျိုးနက္ခတ္တဗေဒပညာရှင် ကော့ပါးနီးကတ်စ်တင်ပြခဲ့မှသာကမ္ဘာကသိခဲ့သည်။ထို့ကြောင့် ခေတ်သစ်သိပ္ပံပညာ၏သက်တမ်းသည် နှစ်၄၅၀သာရှိသေးသည်ဟုဆိုရပေ မည်။လျှပ်စီးလက်ခြင်း၏သဘာဝသ ည် လျှပ်ငြိမ်အားနှင့်တူညီကြော င်း လွန်ခဲ့သောနှစ်၂၀၀ခန့်ကမှ ဘင်ဂျမင်ဖရင်ကလင်၏ စမ်းသပ်မှုအရ ကျွန်ုပ်တို့သိလာခဲ့ကြရသည်။ ခေတ်သစ်လူသားများထက် အသိဥာဏ်များစွာနိမ့်ကျလှသော လူသားများအဖို့လျှပ်စီးလက်ြ ခင်း၊မိုးခြိမ်းခြင်း၊မိုးရွာခြင်း၏သဘာဝကိုမည်သို့နားလ ည်နိုင်ပါမည်နည်း။နားမလည်နိုင်သော အသွင်နှင့်ကြောက်ရွံစွာမိုး ကြိုးမုန်တိုင်းများကို ငေးမောကြည့် ရှုခဲ့ကြပေမည်။
ခေတ်သစ်လူသားသည်လျှပ်စစ်အား ကိုမိမိအလိုကျအသုံးချနိုင်ြ ပီဖြစ်သည်။သို့သော်လည်းသိပ် မကြာလှသေးပေ။၂၀ရာစုရောက်မှလူသားတို့လျှပ်စစ်ကိုကျယ်ပြန့်စွာအသုံးချလာနိုင်ခြင်းဖြ စ်သည်။ရှေးခေတ်လူသားတို့ထက် အဆများစွာတွေးတောဆင်ခြင်နို င်သော ခေတ်သစ်လူသားများအတွက် လောကကြီးတွင်မသိနိုင်နားမလ ည်နိုင်သေးသည့် အကြောင်းရပ်မြောက်များစွာပင်ရှိနေသေးသည်။
ရှေးခေတ်လူသားတို့အဖို့ သူ့ပတ်ဝန်းကျင်တွင် အရာခပ်သိမ်းသည် လျှို့ဝှက်ဆန်းကြယ်နေမည်။
နက်ရှိုင်းသောသစ်တောကြီးတွင် မည်သူနေသနည်း။ သစ်တောကြီးကိုဖြတ်သွားပါက မည်သည့်နေရာမည်သည့်ဒေသကိုရောက်သွား
မည်နည်း။ သစ်တောအတွင်း မည်သည့်သားရဲတိရိစ္ဆာန်များနှင့် ကြုံတွေ့ရမည်နည်း။ထိုတိရိစ္ဆာန်သည် သူ့အားရန်ပြုမည့်သတ္တ၀ါလော
။လောကသဘာဝကိုနားမလည်သေးသဖြင့် ကြောက်ရွံနေကြမည်။
မနက်ဖြန်တောထွက်ပါကစားစရာသားကောင်ရမည်လား။ယခင်နေ့များကဲ့သို့သူ့အားအန္တ၇ာယ်ပြုမည့် သားကောင်နှင့်ရင်ဆိုင်ရဦးမ ည်လား။ သူ့မိသားစုအတွက်သားကောင်များများရရန် မည်သို့ပြုရမည်နည်း။သူ့အခြေ အနေသည် မသေချာမရေရာသည့်
အခြေအနေဖြစ်သည်။
ကျောက်လက်နက်များကိုစတင်အသုံးပြုခဲ့သည့်အချိန်မှာလွန်ခဲ့သောနှစ်တစ်သန်းကဖြစ်ပြီး၊ ဘီစီ၈၀၀၀ခန့်သို့မဟုတ်လွန်ခဲ့သောနှစ်တစ်သောင်းခန့်ကမှ ကျောက်ခေတ်အလယ်ခေတ်သို့ ကူးပြောင်းခဲ့သည်။
ထိုအချိန်ကလူသားတို့သည်ဝမ်း စာအတွက်အမဲလိုက်ခြင်း၊သီးနှံများကိုခူးခြင်းပြုလုပ်ခဲ့ သည်။ထိုကာလအတွင်းမှာပင်မီးကိုအသုံးပြုတတ်ပြီးတိရိစ္ဆာန် တို့၏အသားကိုမီးဖြင့်ချက်ပြုတ်သည့်အလေ့အထလည်း ကျောက်ခေတ်ဟောင်းတွင်ရှိခဲ့ ပြီဖြစ်သည်။မီးသည်အစားအစာအတွက်ချက်ပြုတ်ရန်နှင့်၊ အအေးဒဏ်မှကာကွယ်ရန်အသုံးဝင် သော်လည်း ကြောက်မက်ဖွယ်ရာလည်းကောင်းသ ည်။ မီးလောင်ပါက လူ၏အသက်အန္တရာယ်ကိုပင်ဒုက္ခပေးနိုင်သည်။မီးကိုမည်သူပိုင် ဆိုင်သနည်း။သူ့အားအန္တရာယ်မေ ပးအောင်မည်သို့ ဆောင်ရွက်ရမည်နည်း။
တောင်တန်းကြီးများသည် အံ့မခန်းကြီးမားလှသည်။ဤမျြှ ကီးမားသော တောင်တန်းကြီးတွင် မည်သူနေထိုင်သနည်း။
တောင်တန်းကြီးများကို မည်သူပိုင်ဆိုင်သနည်း။တောင် ပေါ်တွင်သားကောင်ပစ်ပါက သူ့အားအန္တရယ်ပြုမည်လော။ ခွင့်ပန်ဖို့လိုအပ်
မည်လော။
မြစ်ကြီးများသည်ကြီးမားလှသည်။ကျယ်လောင်သောအသံနှင့်မြစ် ရေများစီးဆင်းနေသည်။ ရေသည်အသုံးဝင်သော်လည်းမြစ်အ တွင်းကျသွားပါကအသက်အန္တရာယ်ြ ဖစ်စေနိုင်သည်။သူ့အားအန္တရာယ်မပြုရန်မည်သို့လုပ်ရမည်နည်း။ရှေးခေတ်လူသားဖို့အစစအရာရာသည်အံ့မခန်းဖွယ်ရာဖြစ်ကြပေ သည်။သူ့ပတ်ဝန်းကျင်ရှိသက်ရှိသက်မဲ့အရာအားလုံးကိုသူနားမ လည်ပေ။မည်သို့ဖြစ်လာကြသည်ကို တွေးတောရန်ဥာဏ်မီ။နားလည်အော င်လည်း စဉ်းစားတတ်မည်မဟုတ်ပေ။
ရှေးလူသားတို့၏ယဉ်ကျေးမှုစတင်ထွန်းကားချိန်တွင် အယူအဆ သို့မဟုတ် အတွေးအခေါ်နှစ်ရပ်ပေါ်ပေါက်ခဲ့ ပေမည်။
ပထမအယူအဆမှာ စွမ်းအင်သို့မဟုတ် တန်ခိုးဖြစ်ပြီး ထိုစွမ်းအင်၊တန်ခိုးကို ထင်ရှားသောယောက်ျား သို့မဟုတ် မိန်းမတစ်ဦးက
ပိုင်ဆိုင်သလို လူသားမဟုတ်သည့် နတ်ဘုရားသို့မဟုတ်ဝိညာဉ်သို့ မဟုတ်သတ္တ၀ါတစ်ကောင်ကောင်ကပိုင်ဆိုင်ထားမည်။ထိုစွမ်းအင် ၊တန်ခိုးသည် သက်ရှိသာမက သက်မဲ့အရာဝတ္တုများတွင်လည်းရှိနိုင်မည်ဟု ရှေးဟောင်းလူသားများကယူဆကြသ ည်။
ဥပမာ တုတ်ချောင်း သို့မဟုတ် ကျောက်တုံးများတွင်လည်း စွမ်းအင်ရှိနေနိုင်သည်ဟု ယူဆကြသည်။
ထူးခြားသောစွမ်းအင် သို့မဟုတ် တန်ခိုးသည်ယုံကြည်သူတစ်ဦးေ ဆာင်ထားသည့် အဆောင်ပစ္စည်းတစ်ခုခု သို့မဟုတ်စကားလုံး သို့မဟုတ် ကိုယ်ဟန်အမူအရာတို့တွင်လည်း ရှိမည်ဟုယုံကြည်ကြသည်။
ဒုတိယအယူအဆမှာ အရာအားလုံးတွင် အသက်ဝိညာဉ်ကိန်းအောင်းနေသည် ဆိုသည့် အယူအဆဖြစ်သည်။
လောကတွင်သက်မဲ့ဟူသောအရာ မရှိ။အားလုံးတွင် အသက်ဝိညာဉ်ရှိသည်ဟု ရှေးဦးလူသားများယူဆကြသည်။
ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများနှင့် သိပ္ပံနည်းကျအတွေးအမြင်များေ ကြာင့် မြစ်ဟူသည်မှာရေများ
စုဝေးစီးဆင်းနေခြင်သာဖြစ်သည်။ မြစ်တွင်အသက် သို့မဟုတ် ၀ိညာဉ်ဟူ၍မရှိ။ ကမ္ဘာ၏ဆွဲအားကြောင့် မြင့်ရာမှနိမ့်ရာသို့ စီးဆင်း
နေခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
သူတို့ပိုင်ဆိုင်သောသေးငယ်သ ည့် ဦးနှောက်နှင့်ဒြပ်မဲ့ တွေးတောမှုမပြုလုပ်နိုင်ခဲ့ ။ မမြင်ရသည့် အကြောင်းကိုစဉ်းစား
၍မရဖြစ်ခဲ့ကြသည်။
ငြိမ်သက်စွာစီးဆင်းနေသော ရေစီးကြောင်းကိုစူးစိုက်ပြီး၊သန့်စင်သောရေတွင်ဆေးကြောထားသောလက်များနှင့်ရှိခိုးအရိုအသေမပြုဘဲ မြစ်ကိုခြေထောက်နှင့်မဖြတ်ကူးပါနှင့်။ အကယ်၍ရိုသေလေးစားခြင်းမရှိဘဲ ဖြတ်ကူးပါက နတ်ဘုရားများစိတ်ဆိုးကြမည်။ သင့်အားဘေးဒုက္ခရောက်စေမည်ဖြ စ်၏။
ဤညွှန်ကြားချက်ကလေးမှာ ခြေထောက်နှင့်ဖြတ်ကူးလောက်ေ အာင် ရေတိမ်နေပြီဖြစ်သောမြစ်အား ဖြတ်ကူးမည်ပြုသည့် အခါ မည်သို့မည်ပုံအရိုအသေပေးရမည်ကိုဖော်ပြထားသော ဘီစီ ၈ ရာစုက ဂရိနိုင်ငံသားတို့၏ယုံကြည်မှုဖြစ်သည်။
ယခုခေတ်အမြင်နှင့်ကြည့်ပ်ါက အယူသီးမှုတစ်ရပ်ဟုယူဆကြမည်ဖြ စ်သော်လည်း ထိုခေတ်ထိုအခါကသူတို့အတွက် လေးလေးနက်
နက်လိုက်နာရမည့် ညွှန်ကြားမှုဖြစ်သည်။
ဤညွှန်ကြားမှုသည် ၀ိညာဉ်ရှိဝါဒကိုဖော်ပြနေသည် ။ မြစ်တွင်အသက်ဝိညာဉ်ရှိသည်။ထို့ကြောင့်ရှိခိုးရိုသေမှုကိုကြားသိမည်ဖြစ်သည်။ ဤသို့ဆုတောင်းသူသည် ဘေးဒုက္ခရောက်မည်မဟုတ်ပေဟု ရှေးခေတ်ဂရိတို့ယုံကြည်ခြဲ့ ကသည်။
ဖော်ပြပါအယူအဆနှစ်ရပ်ကိုပေါ င်းစပ်ပြီးမြစ်တွင်ဝိညာဉ်ရှိသလိုတန်ခိုးလည်းရှိသည်။ထို နည်းတူမြေ၊လေ၊တောင်၊တော၊စသည်တို့တွင်အသက်ဝိညာဉ်နှင့်တန်ခိုးရှိသည်ဟု ရှေးဟောင်းလူသားများယူဆလာသည်။
ပင်လယ်ကို နတ်ဘုရားပိုဆေဒန်ဖြင့်လည်းေ ကာင်း၊ မီးကိုဟိုက်ဖက်တပ်ဖြင့်လည်း ကောင်း၊ပန်းကိုဖလိုရာနတ်ဘုရားဖြင့်လည်းကောင်း၊ သိုးစားကျက်ကိုပင် နတ်ဘုရားဖြင့်လည်းကောင်း ဂရိတို့ကကိုယ်စားပြုခဲ့သည်။ ပင်လယ်ပြင်ထွက်မည့်သင်္ဘောသား များသည်ပိုဆေဒန်နတ်ဘုရားကို ပူဇော်ကြ၍ပန်းပဲလုပ်ငန်းလုပ်သူများသည် မီးနတ်ဘုရားကိုပူဇော်ကြသည်။ သိုးအုပ်တိုးပွားစေရန်ပင် နတ်ဘုရားကိုပသကြသည်။
တောတောင်ရေမြေ စသည့်သြကာသလောကကိုကိုယ်စာြး ပုသည့် နတ်များသည် လူသားတို့တွင်ပထမဆုံးပေါ်ပေါ က်လာသည့် နတ်များဖြစ်မည်။ထို့အတူမီးန တ်၊သားကောင်ရစေရန်ပူဇော်ရသည့်မုဆိုးနတ်စသည်တို့မှာ ကျောက်ခေတ်ဟောင်းအတွင်း ပေါ်ပေါက်လာသည့်နတ်များဖြစ်သ ည်။
မိမိအသိဥာဏ်နှင့်လည်းကောင်း ၊ အတိတ်အတွေ့ အကြုံအရသော်လည်းကောင်း မည်သို့မျှစဉ်းစား၍မရသောအြေ ကာင်းရပ်များနှင့် သဘာဝသက်ရှိသက်မဲ့ပစ္စည်းများ တွင် တန်ခိုးစွမ်းအင်ရှိကြသည်ဟုယုံကြည်ကြပေမည်။ထိုတန်ခိုးစွ မ်းအင်ပိုင်ဆိုင်သူတစ်ဦးရှိမည်ဟု ယုံကြည်သည်။ထိုသူပင်လျှင် သက်ရှိ သို့မဟုတ် သက်မဲ့များကိုကိုယ်စားပြုသည့် နတ်ဖြစ်လာသည်။
ရှေးဟောင်း ဂရိနတ်များတွင် နတ်ကောင်းနတ်မြတ်၊ အလွန်ကြီးမြတ်သောနတ်ဟူ၍သာခေါ်ခဲ့ပြီး အမည်အတိအကျမရှိသည့်
နတ်များရှိခဲ့သည်။ အစပထမ၌နတ်များတွင် အမည်မရှိခဲ့ပေ။ ရှေးခေတ်လူသားတို့အသိဥာဏ်ရင့်သန်လာသည့် အခါနတ်တို့၏
အမည်လည်းရှိလာသည်။ ထိုနည်းတူနတ်သမိုင်းလည်းရှိ လာသည်။
ဇုနတ်မင်းသည်နတ်အားလုံး၏အကြီးအကဲ၊ယူရေးနို့စ်သည်မိုးကောင်းကင်ကိုကိုယ်စားပြုသည့်န တ်၊ပိုဆေဒန်သည်ပင်လယ်ကိုကို ယ်စားပြုသည့်နတ်၊ ဟေးဒီစ်သည်ကွယ်လွန်သေဆုံးသူ တို့၏လားရာမြေအောက်ကမ္ဘာအကြီးအကဲ၊ကရွန်သည်မြေအောက်ကမ္ဘာသို့ ရောက်လာသောမြစ်တစ်ဖက်ကမ်းဟေးဒီစ်၏နယ်မြေသို့ပို့ပေးရသည့်ကူတိုးသမား၊အားရို့စ်သည်အ ချစ်နတ်၊မူ့ဇ်သည်စာပေအနုပညာကိုစောင့်ရှောက်သည့်နတ်၊ဟိုင်ဂျီယာသည်ကျန်းမာရေးကိုကိုယ်စားပြုသည့်နတ်၊ကျူးပစ်သည်ဖူးစာရေးနတ်(မြားနတ်မောင်) ၊အစရှိသဖြင့် ရှေးဟောင်းဂရိတွင်ရှိခဲ့သည် ။
ကျောက်ခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ရှစ်ထောင်ခန့်ကစခဲ့ပြီး၊ သံ ကြေး စသည့်သတ္တုများအသုံးပြုသည့်အ ချိန်တည်ခဲ့သည်။ ထိုခေတ်အတွင်းလူသားများသည် ကျောက်ခေတ်သစ်အတွင်းအထူးခြားဆုံးအောင်မြင်မှုမှာစားသုံး သီးနှံပင်များကိုစိုက်ပျိုး လာတတ်ခြင်းနှင့်၊ တောရိုင်းတိရိစ္ဆာန်များကိုအိမ်တွင်မွေးမြူလာတတ်ခြင်းဖြ စ်သည်။
ထိုအခါအစားအစာရရှိမှုအတွက်တစ်နေရာမှတစ်နေရာသို့ပြောင်းေ ရွ့လှည့်လည်ကျက်စားသည့်လူသားများဘ၀မှအခြေချနေထိုင်သော လူသားများဖြစ်လာသည်။ စိုက်ပျိုးထားသည့်သီးနှံများနှင့်အိမ်မှာမွေးထာသည့်ကျွဲနွားကြက်ငှက်များရှိနေပြီ ဖစ်၍အစားအစာအတွက်စိုးရိမ်ပူ ပန်စရာမလိုတော့ပေ။ထိုအချိန် တွင် ရှေးဟောင်းလူသားများ၏ရွာများပေါ်ပေါက်လာတော့မည်ဖြစ်သည်။ အချိန်ရှိသရွေ့အမဲလိုက်နေစရာမလိုတော့ဘဲအားလပ်ချိန်လည်း ရလာပြီဖြစ်သောကြောင့် အိုးလုပ်ခြင်းတောင်းလုပ်ခြ င်း၊အထည်ယက်လုပ်ခြင်းများပြုလုပ်လာသည်။
အိမ်စောင့်နတ်ရွာစောင့်နတ်ဟူသည့်
အယူအဆသည်ဤသို့အိုးအိမ်အတည်တ ကျ နေထိုင်ချိန်မှစတင်ပေါ်ပေါက် လာမည်ဟုယူဆနိုင်ပေသည်။ ထိုနတ်များအပြင်အနုပညာလက်မှု လုပ်ငန်းနှင့်သက်ဆိုင်သောနတ်များလည်းပေါ်ပေါက်လာမည်ဖြစ် ပေသည်။
ခင်မောင်သန်း (စိတ်ပညာ)
--------------------------
လူသားဟူ၍ခေါ်ဆိုနိုင်သောသက်ရ
ခေတ်သစ်လူသားနှင့်ပိုမိုနှီ
ယနေ့ခေတ်သိပ္ပံပညာသည်အရှိန်အ
ခေတ်သစ်လူသားသည်လျှပ်စစ်အား
ရှေးခေတ်လူသားတို့အဖို့ သူ့ပတ်ဝန်းကျင်တွင် အရာခပ်သိမ်းသည် လျှို့ဝှက်ဆန်းကြယ်နေမည်။
နက်ရှိုင်းသောသစ်တောကြီးတွင်
မည်နည်း။ သစ်တောအတွင်း မည်သည့်သားရဲတိရိစ္ဆာန်များန
။လောကသဘာဝကိုနားမလည်သေးသဖြင
မနက်ဖြန်တောထွက်ပါကစားစရာသာ
အခြေအနေဖြစ်သည်။
ကျောက်လက်နက်များကိုစတင်အသံ
ထိုအချိန်ကလူသားတို့သည်ဝမ်း
တောင်တန်းကြီးများသည် အံ့မခန်းကြီးမားလှသည်။ဤမျြှ
တောင်တန်းကြီးများကို မည်သူပိုင်ဆိုင်သနည်း။တောင်
မည်လော။
မြစ်ကြီးများသည်ကြီးမားလှသည
ရှေးလူသားတို့၏ယဉ်ကျေးမှုစတင
ပထမအယူအဆမှာ စွမ်းအင်သို့မဟုတ် တန်ခိုးဖြစ်ပြီး ထိုစွမ်းအင်၊တန်ခိုးကို ထင်ရှားသောယောက်ျား သို့မဟုတ် မိန်းမတစ်ဦးက
ပိုင်ဆိုင်သလို လူသားမဟုတ်သည့် နတ်ဘုရားသို့မဟုတ်ဝိညာဉ်သို
ဥပမာ တုတ်ချောင်း သို့မဟုတ် ကျောက်တုံးများတွင်လည်း စွမ်းအင်ရှိနေနိုင်သည်ဟု ယူဆကြသည်။
ထူးခြားသောစွမ်းအင် သို့မဟုတ် တန်ခိုးသည်ယုံကြည်သူတစ်ဦးေ
ဒုတိယအယူအဆမှာ အရာအားလုံးတွင် အသက်ဝိညာဉ်ကိန်းအောင်းနေသည်
လောကတွင်သက်မဲ့ဟူသောအရာ မရှိ။အားလုံးတွင် အသက်ဝိညာဉ်ရှိသည်ဟု ရှေးဦးလူသားများယူဆကြသည်။
ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသောအတွေ့အကြုံမ
စုဝေးစီးဆင်းနေခြင်သာဖြစ်သည
နေခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
သူတို့ပိုင်ဆိုင်သောသေးငယ်သ
၍မရဖြစ်ခဲ့ကြသည်။
ငြိမ်သက်စွာစီးဆင်းနေသော ရေစီးကြောင်းကိုစူးစိုက်ပြီ
ဤညွှန်ကြားချက်ကလေးမှာ ခြေထောက်နှင့်ဖြတ်ကူးလောက်ေ
ယခုခေတ်အမြင်နှင့်ကြည့်ပ်ါက
နက်လိုက်နာရမည့် ညွှန်ကြားမှုဖြစ်သည်။
ဤညွှန်ကြားမှုသည် ၀ိညာဉ်ရှိဝါဒကိုဖော်ပြနေသည်
ဖော်ပြပါအယူအဆနှစ်ရပ်ကိုပေါ
ပင်လယ်ကို နတ်ဘုရားပိုဆေဒန်ဖြင့်လည်းေ
တောတောင်ရေမြေ စသည့်သြကာသလောကကိုကိုယ်စာြး
မိမိအသိဥာဏ်နှင့်လည်းကောင်း
ရှေးဟောင်း ဂရိနတ်များတွင် နတ်ကောင်းနတ်မြတ်၊ အလွန်ကြီးမြတ်သောနတ်ဟူ၍သာခေ
နတ်များရှိခဲ့သည်။ အစပထမ၌နတ်များတွင် အမည်မရှိခဲ့ပေ။ ရှေးခေတ်လူသားတို့အသိဥာဏ်ရင
အမည်လည်းရှိလာသည်။ ထိုနည်းတူနတ်သမိုင်းလည်းရှိ
ဇုနတ်မင်းသည်နတ်အားလုံး၏အကြ
ကျောက်ခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ရှစ်ထောင်ခန့်ကစခဲ့ပြီး၊ သံ ကြေး စသည့်သတ္တုများအသုံးပြုသည့်အ
ထိုအခါအစားအစာရရှိမှုအတွက်တစ
အိမ်စောင့်နတ်ရွာစောင့်နတ်ဟ
အယူအဆသည်ဤသို့အိုးအိမ်အတည်တ
ခင်မောင်သန်း (စိတ်ပညာ)