မှော်ပညာ


မှော်ပညာဆိုသည်မှာ မေဂျိုင်း MAGI ဟုခေါ်သော ပညာရှင်များထံမှ ကျွန်ုပ်တို့ဆီသို့ လက်ဆင့်ကမ်းရောက်ရှိလာသည့် အရာဖြစ်ပြီး ထိုပညာမှာ သဘာဝ၏ လျှို့ဝှက်ချက်များနှင့် ပက်သက်သည့် အစဉ်အလာ အတတ်ပညာ ဖြစ်၏ ဟု အဆိုပါ ပညာရှင်က ဆိုမိန့်ခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် MAGIC မက်ဂျစ် ဟုခေါ်သော စကားလုံးကို မြန်မာဘာသာဖြင့် မှော်ပညာဟု ဆိုရမည်လား မသိပါ။ ထိုစကားလုံးမှာ မူလက ရှေးဟောင်းပါရှားပြည်မှ MAGUS မေးဂတ်စ် ဟူသော ဘုန်းတော်ကြီးများကို အစွဲပြုပြီး ဖြစ်ပေါ်လာသော စကားလုံးဟူ၏ နောင်သောအခါ ဥရောပတိုက်သားများသည် အရှေ့တိုင်းသား ဂန္ဓာရီပညာရှင်များကို MAGUS ဟု ခြုံခေါ်ဝေါ်ပြီး သူတို့၏ ပညာကိုလည်း MAGIC ဟု ခေါ်တွင်သည်မှ MAGIC ဟူသော စကားလုံးမှာ မှော်ပညာ ဖြစ်လာရသည်။………………….

ပါရာဆဲလ်ဆပ်စ် ဟူသော ဂန္ဓာရီပညာရှင်လည်းဖြစ်၊ ဆေးဆရာလည်းဖြစ်၊ တွေးခေါ်ရှင်လည်း ဖြစ်သောသူက လူသားတို့၏ ကြောင်းကျိုး ဆင်ခြင်တုံဥာဏ်ဖြင့် ချဉ်းကပ်ခြင်း မပြုနိုင်သော အရာများကို မှော်ပညာက တွေ့ကြုံခံစားနိုင်ပြီး တိုင်းတာနိုင်သော စွမ်းရည်ရှိပေ၏ ဟု မိန့်ဆိုခဲ့သည်။ တစ်ဖန် ဥရောပ ဂန္ဓာရီလောကတွင် နာမည်ကျော်လှသော အယ်လီဖာ့စ်လယ်ဝီ အမည်ရှိ ပညာရှင်ကလည်း ဤအတတ်ပညာအားဖြင့် ဝိဇ္ဇာမယပညာရှင်သည် အတန်အသင့်ဖြစ်သော စွမ်းအားတစ်မျိုးကို ရရှိပြီး လူထက်သာအောင် စွမ်းဆောင်နိုင်၏ လူထက်သာအောင်ဆိုသည်မှာ လူသားတို့၏ စွမ်းဆောင်နိုင်မှုကို ကျော်လွန်အောင်ပြုခြင်းကို ဆိုလိုပေသည် ဟု ပြောဆိုခဲ့သည်။ မှော်ပညာဆိုသည်မှာ မေဂျိုင်း MAGI ဟုခေါ်သော ပညာရှင်များထံမှ ကျွန်ုပ်တို့ဆီသို့ လက်ဆင့်ကမ်းရောက်ရှိလာသည့် အရာဖြစ်ပြီး ထိုပညာမှာ သဘာဝ၏ လျှို့ဝှက်ချက်များနှင့် ပက်သက်သည့် အစဉ်အလာ အတတ်ပညာ ဖြစ်၏ ဟု အဆိုပါ ပညာရှင်က ဆိုမိန့်ခဲ့သည်။…………………………………………………………..

မေဂျိုင်းဆိုသည်မှာ ရှေးဟောင်းပါရှားလူမျိုးများ မှော်ဆရာများအဖွဲ့ဖြစ်သည်။ နာမည်ကျော် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်၏ အဆိုပါ မေဂျိုင်းအဖွဲ့ထဲသို့ လူသစ် စတင် သွတ်သွင်းပွဲကို ဂရိတွေးခေါ်ရှင်တစ်ဦးက ဤသို့မှတ်တမ်းတင်ခဲ့၏ မှတ်တမ်းအရ မှော်ပညာအသင်းသို့ဝင်ရောက်မည့် ပညာသင်သားသည် လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းဖြစ်သည့် SPHINX စဖင့် နရသီဟရုပ်တုကြီး၏ ရှေ့ခြေထောက်နှစ်ခုကြားတွင် ရှိသောတံခါးကြီးများမှ တစ်ဆင့် ခေါ်သွင်းခံရသည်။ ခရီးတစ်လျှောက် စိတ်အာရုံတင်းကြပ်လောက်သော စမ်းသပ်စစ်ဆေးမှုများစွာ ခံရသည်။ ကြမ်းကြုတ်သော စက်ယန္တရားရုပ်သရဲများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရသည်။ တဖြည်းဖြည်း ကျဉ်းမြောင်းလာသော လှိုဏ်ဂူထဲတွင် လေးဖက်ထောက်သွားလာရာမှ တစ်နေရာတွင် အဆုံးမရှိ နက်ရှိုင်းပုံရသည့် ရေအိုင်ပေါ်ကို တွဲလောင်းချထားသည့် ကြေးကွင်းဖြင့် ကျော်ဖြတ်ရသည်။ အဆိပ်ခတ်သတ်မည့် အရေးကိုလည်း ကျော်လွှားရသည်။ ကချေသည် မိန်းခလေးများ၏ ဖြားယောင်းခြင်းကိုလည်း ကျော်ဖြတ်ရသည်။ နောက်ဆုံးအောင်မြင်သွားသည် ရှိသော် စတင်သွတ်သွင်းခံရသူ စဦးလက်သင်တပည့် INITIATE သည် ZEALOT ဇဲလော့တ် အဆင့်ကို ရရှိကာ လိုအပ်သည်များကို သင်ကြားပေးခြင်း ခံရတော့၏ ………………………………………….

ဘာရယ်တော့ မဟုတ်ပါဘူး။ ဆရာခင်မိမိသက်( ဆရာသက်လုံ ) ရေးတဲ့ အညာတနယ်မြေဆိုတဲ့ စာအုပ်ထဲက ရှေးတုန်းကခမ်းနားကြီးကျယ်ခဲ့တဲ့ ရာဇ၀င်အဆက်ဆက် အလံလွှင့်ထူနိုင်ခဲ့တဲ့ မှော်ပညာရပ်တွေအကြောင်း ဖတ်ရင်း ပြန်တင်ပြချင်စိတ်ကလေး ပေါ်လာလို့ ရေးလိုက်မိတာပါ။ ယူတတ်မယ်ဆိုရင် မှော်ပညာဆီ သွားရာလမ်းနည်းစနစ်တွေ၊ မြှပ်ကွက်တွေ ရသွားနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ ကျွန်တော် လေ့လာမိသလောက်ဆိုရင်တော့ အခုခေတ်မှာ မှော်ပညာကို MAGIC ဆိုတဲ့ သိပ်မသုံးတော့ဘဲ Occultism ဆိုတဲ့ ဂန္ဓာရီပညာရပ်အဖြစ်သာ သုံးကြပါတော့တယ်။ ခေတ်သစ်သိပံ္ပနဲ့ပါ ပေါင်းစပ်ရရင် Occult Science ဆိုတဲ့ ဂန္ဓာရီ သိပံ္ပပညာ အဖြစ် အသစ်တဖန် မွေးဖွားလာပါတယ်။ ဒီပညာတွေ အခုလို ကွန်ပြူတာ အင်တာနက်ခေတ်ကြီးထဲ ရှိမှ ရှိပါဦးမလားလို့ မေးလာရင်၊ ငေါ့လာရင်တော့ မှတ်သားဖူးတဲ့ စကားပုံလေးတစ်ခုကိုပဲ ညွှန်းလိုက်ပါ့မယ်။ ဘာတဲ့။ ပုလဲရတနာကို ပင်လယ်လှိုင်းစီးသူက မရနိုင်ပါဘူးတဲ့။ ရေအောက်ထဲ နက်နက်ငုပ်နိုင်သူ၊ ရှာဖွေစူးစမ်းနိုင်သူတွေသာ ပုလဲနဲ့ထိုက်တန်ပါတယ်တဲ့ ဗျား။

sOURCE-My Astro View
Powered by Blogger.