အစိမ်းရောင်သမ်းနေတဲ့ အာလူးတွေကို မစားသုံးသင့်

 
အာလူးဟာ ကျွန်ုပ်တို့နေ့စဉ်ချက်ပြုတ်စားသောက်ကြတဲ့ အစားအစာထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သို့ပေမယ့် အာလူးအစိမ်းရောင်နဲ့ ပတ်သက်လို့ သိထားတာများ ရှိပါသလား။ သူဟာ ကလိုရိုဖီးလ်ပမာဏ အလွန်များသောကြောင့် အစိမ်းရောင်သမ်းနေတာ ဖြစ်ပါတယ်။ အစိမ်းရောင်ဖြစ်နေတဲ့ အာလူးတွေဟာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိကြောင်း ကြားသိရတာ စိတ်မချမ်းသာစရာပါ။
အစိမ်းရောင်ပါဝင်တဲ့ အာလူးတွေကို မသိလို့ မှားစားမိပါက ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အခြားရောဂါများစွာကို ဖြစ်ပွားစေနိုင်တဲ့ Solanine ခေါ် အဆိပ်သင့်စေနိုင်တဲ့ ဓာတုပမာဏ များစွာ ပါဝင်နေကြောင်း သိပ္ပံနည်းကျ သုတေသနပြုချက်တွေက ဖော်ပြထားပါတယ်။
အာလူးကို အစိမ်းရောင်အဖြစ်သို့ ပြောင်းစေတဲ့ အဓိက အကြောင်းရင်းတစ်ခုက လိုရိုဖီးလ်ပမာဏမြင့်မားစွာ ပါဝင်မှုကြောင့်ဖြစ်ပြီး သာမန်အားဖြင့် ကလိုရိုဖီးလ်ဟာ ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။ ကလိုရိုဖီး ပမာဏများလာတာနဲ့အမျှ (solanine) ပမာဏလည်း လိုက်တက်တဲ့ သဘောပဲဖြစ်ပါတယ်။
ပေါင် (၁၀၀) ရှိသူတစ်ဦးက အဖျားတက်ဖို့ ခန့်မှန်းခြေ အာလူးစိမ်း (၁၆) အောင်စ စားဖို့လိုပါတယ်လို့ Nebraska-Lincon တက္ကသိုလ်မှ ပါမောက္ခ Alexander Pavlista က ဖော်ပြထားပါတယ်။
Solanine ဖြစ်ပွားမှုကို ကာကွယ်တားဆီးဖို့အတွက် အာလူးတွေကို အလင်းရောင်မှိန်မှိန်လေးသာ ရှိတဲ့နေရာနဲ့ အေးတဲ့နေရာတွေမှာ သိမ်းထားသင့်ပြီး ချက်ပြုတ် စားသုံးတော့မယ်ဆိုရင် အစိမ်းရောင်ဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်ရမှာ ဖြစ်ကြောင်းလဲ အကြံပြုထားပါတယ်။
ခါးသက်သက် အရသာဖြစ်နေရင် လွင့်ပစ်လိုက်ပါ။ စားသုံးခြင်းမပြုပါနဲ့။
Ref:healthyfoodteam.com/trend.com.mm
Powered by Blogger.