ညအိပ်ယာဝင်ခါနီး မစားသင့်တဲ့ အရာများ

 
ညအိပ်ယာဝင်ခါနီး အစာစားပါက အလေးချိန် တက်နိုင်ချေပိုများပြီး အစာအိမ်မှပြန်လာတဲ့ အက်ဆစ်ကြောင့် လည်မျိုနဲ့ အစာပြွန်တစ်ရှူးတွေကို အကြီးအကျယ် ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ညမအိပ်ခင် အနည်းဆုံး ၃ နာရီလောက် ကြိုတင် စားထားသင့်ပါတယ်။
ဗိုက်ဆာတဲ့အခါ အိပ်လို့မပျော်ဖြစ်တတ်တယ်ဆိုရင် တစ်ခုခုတော့စားပေးပါ။ ဒါပေမယ့် အနည်းဆုံး ဒီဟာတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။
၁။ ကော်ဖီ
ကော်ဖီက အစာအိမ်အက်ဆစ်ဖြစ်ပေါ်စေတဲ့အပြင် အက်ဆစ်ရည် ထုတ်လုပ်အောင် လှုံ့ဆော်ပေးတဲ့ ကဖီးဓာတ်လည်း ပါဝင်တယ်။
၂။ အရက်
ညအိပ်ခါနီး အရက်သောက်ပါက မသက်မသာဖြစ်စေတဲ့ ခံတွင်းချဉ်မှုဖြစ်ပေါ်တတ်တယ်။ အရက်က အစာအိမ်နဲ့ အစာပြွန်နှစ်ခုကို ဆက်ပေးတဲ့ အဆို့ရှင်ကို ဖြေလျော့ပေးပါတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ အစာအိမ်အတွင်း အစားအစာတွေကို ခန္ဓာကိုယ်က ထိန်းမထားနိုင်ပါဘူး။
၃။ ရှောက်သီး/သံပုရာမျိုးဝင်အသီးများ
ပန်းသီးဖျော်ရည်နဲ့ လိမ္မော်သီးပျော်ရည် နှစ်မျိုးစလုံးမှာ ညအိပ်ခါနီးသောက်သင့်တဲ့ အရာတွေ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့တွေဟာ ချဉ်သော၊ အက်ဆစ် သဘာဝရှိသောအသီး ဖြစ်နေလို့ပါ။
၎။ ဒိန်ခဲ
ဒိန်ခဲမှာ အဆီဓာတ် အပြည့်အဝပါရှိတာကြောင့် အိပ်ယာဝင်ခါနီးစားသင့်တဲ့ အစားအစာမဟုတ်ပါဘူး။
၅။ အခွံမာအသီးများ
ရွန်းသည်ဖြစ်စေ၊ မရွန်းသည်ဖြစ်စေ အဆီက အဆီပါပဲ။ အဲဒါဟာ ညအိပ်ယာမ၀င်ခင် အခွံမာသီးများ မစားသင့်တဲ့ အကြောင်းအရင်းပဲ ဖြစ်တယ်။
၆။ ချောကလက်
ချောကလက်မှာ အဆီဓာတ် အပြည့်အဝရှိပါတယ်။ အစာအိမ်နဲ့ အစာပြွန်နှစ်ခုကြားက အဆို့ရှင်ကို ချောင်စေပါတယ်။ အချို့ချောကလက် အမျိုးအစားတွေမှာ ကဖီးဓာတ် ပါဝင်တယ်။
Ref:naturalhealthcareforyou.com/trend.com.mm
Powered by Blogger.