ထောပတ်သီး နေ့စဉ်ပုံမှန်စားခြင်းဖြင့် ကိုလက်စထရောဓာတ် လျော့ချပေးနိုင်


 
ထောပတ်သီးကို နေ့စဉ်ပုံမှန် စားပေးခြင်းဖြင့် ကိုလက်စထရောပမာဏကို လျော့ကျစေနိုင်ပါတယ်။
Pennsylvania တက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ အသက်အရွယ် ၂၁-၇၀ နှစ်ကြား ဝတဲ့လူ အယောက် ၄၅ ပါဝင်ပါတယ်။ သူတို့တွေကို အုပ်စု (၃) စုခွဲပေးထားပါတယ်။ အုပ်စုတစ်ခုချင်းစီမှာ ကိုယ်လက်စထရော လျော့ကျစေတဲ့ နေ့စဉ်အစားအစာ တစ်မျိုးစီပေးထားပါတယ်။
ပထမအုပ်စုက အဆီနည်းတဲ့ အစားအစာ၊ ဒုတိယအုပ်စုကတော့ အဆီဓာတ် အတန်အသင့်ပါဝင်တဲ့ အစားအစာဖြစ်ပြီး တတိယအုပ်စုမှာ ထောပတ်သီးပါတဲ့ နေ့စဉ်အစားအစာကို ကျွေးထားသော အုပ်စုဖြစ်ပါတယ်။ အဲဒီနေ့စဉ်ပုံမှန်အစားအစာ(၃) မျိုးလုံး အရမ်းကွဲပြားခြားနားမှုတွေ ရှိခဲ့ပါတယ်။
ထောပတ်ပါတဲ့ နေ့စဉ်အစားအစာဟာ ကိုလက်ထရော ရလဒ်ကောင်းစွာ ရရှိစေကြောင်း အဖြေထွက်ပေမယ့် ထောပတ်သီးအခြေခံထားတဲ့ အစားအစာကတော့ အကောင်းဆုံး ရလဒ်ကို ရရှိစေခဲ့ပါတယ်။
ထောပတ်ပါတဲ့ နေ့စဉ်အစားအစာက (deciliter) ၁ ဒီစီလီတာမှာ ကိုလက်စထရောပမာဏ ၁၃.၅ မီလီဂရမ် လျော့ကျစေခဲ့တယ်။ အဓာတ်ဆီ အတော်အသင့် ပါဝင်တဲ့ အစားအစာက ၁ ဒီစီလီတာမှာ ကိုလက်ထရော ၈.၃မီလီဂရမ်နဲ့ အဆီဓာတ်နည်းတဲ့ အစားအစာက ၁ ဒီစီလီတာမှာ ၇.၄ မီလီဂရမ် ကိုလက်စထရော လျော့ကျမှုဖြစ်စေခဲ့ပါတယ်။
Ref:healthyfoodstar.com/.trend.com.mm
Powered by Blogger.